မော်တော်ယာဉ်များ မတော်တဆမှုဖြစ်ရာတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထွက်ပြေးသွားသော ကားများ၊ ကားခိုးမှုများနှင့် ကားပျောက်မှုများကို control centre ၏ မှတ်တမ်း များမှ တစ်ဆင့် ဖော်ထုတ်ဖမ်းဆီး အရေးယူလို့ရနိုင်ပြီး တိုက်ပြီးထွက်ပြေးနေသော ကား များကိုလည်း ယင်းထိန်းချုပ်ရေးစင်တာကနေ အရေးယူခဲ့မှုများရှိကြောင်း သိရသည်။
"တိုက်ပြေးတဲ့ကားတွေနဲ့ ကားပျောက်တာတွေကို control centre ကနေစပြီး ရှာဖွေနေတာတွေ လုပ်နေပါပြီ။ ရှာဖွေဖမ်းဆီး အရေးယူလို့ရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ "လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ရန်ကုန်မြို့ယာဉ်သွားလာမှုများကို ထိန်းချူပ်စောင့်ကြည့်မည့် control centre စနစ်တပ်ဆင်မှုများကို ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထား ရှိသော်လည်း လုပ်ငန်းအပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် စာချုပ်တွင် ပါဝင်သည့် သတ်မှတ်ချက်အတိုင်း ကုမ္ပဏီက တစ်ရက်လျှင် ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရကြောင်း သိရပါသည်။