(photo: flickr)
အဆိုပါ စစ်တမ်းများအရ အစိမ်းရောင်သည် အညစ်အကြေး စွန့်ပစ်ခံရမှု အနည်းဆုံးဖြစ်ပြီး ငွေရောင်မှာ ဒုတိရ အနည်းဆုံးဖြစ်ကြောင်း သိရသည်။ အနီရောင် ကားများမှာ ၁၈ရာခိုင်နှုန်းဖြင့် ငှက်များ အညစ်အကြေး စွန့်ပစ်မှုအများဆုံး အရောင်ဖြစ်ပြီး လည်းကောင်းနောက်မှ အပြာရောင်မှ ၁၄ရာခိုင်နှုန်း၊ အမည်းရောင်မှ ၁၁ရာခိုင်နှုန်း၊ အဖြူရောင်မှာ ၇ရာခိုင်နှုန်း၊ မီးခိုး/ငွေရောင်မှာ ၃ရာခိုင်နှုန်းနှင့် အစိမ်းရောင်မှာ ၁ရာခိုင်နှုန်းဖြစ်သည်။
ထို့အပြင် ကားပိုင်ရှင်များအား ထိုအညစ်အကြေးများကို မည်မျှ မြန်မြန်ဆေးကြောပစ်သည်ကို မေးမြန်းရာ ၁၇ရာခိုင်နှုန်းသာ ချက်ချင်း ရှင်းလင်းပစ်သည်ဟု ဖြေကြပြီး ၅၅ ရာခိုင်နှုန်းမှာ နောက်ထပ်ကားဆေးမည့်အချိန်မှသာ ဆေးကြောရှင်းလင်းသည်ဟု သိရသည်။ ငှက်အညစ်အကြေးများမှာ ကြာရှည်ထားလျှင် ကား၏ ဆေးသားအား ထိခိုက်နိုင်သည့်အတွက် ပေါ့ပေါ့တန်တန် သဘောထားမိပါက နောက်ပိုင်းတွင် ငွေကုန်ကြေးကျ များသွားနိုင်သည်အထိ ပျက်စီးနိုင်ကြောင်း သိရပါသည်။
မိမိကားပေါ်သို့ ငှက်အညစ်အကြေးများ စွန့်ပစ်ခံရပါက
၁။ တတ်နိုင်သမျှ ချက်ချင်း ရှင်းလင်းပါ။
၂။ ရေစို အဝတ်ကို အသုံးပြုပြီး ညင်သာစွာ သုတ်ပါ။
၃။ အညစ်အကြေးသည် ခြောက်သွေ့နေပါက ရေစို အဝတ်ကို ထိုအညစ်အကြေးပေါ်တွင် ၁ဝမိနစ်ခန့် တင်ပြီးမှ ဖယ်ရှားပါ။
၄။ ငှက်၏ အညစ်အကြေးများတွင် ရောဂါပိုးမွှားများ ပါဝင်နိုင်သည့်အတွက် အသုံးပြုသည့် အဝတ်စအား ချက်ချင်းစွန့်ပစ်ပြီး မိမိလက်နှစ်ဖက်ကိုလည်း သေချာစွာ ဆေးကြောသန့်စင်ပါ။
သင်တို့အနေဖြင့် မိမိတို့ ကားများပေါ်သို့ ငှက်အညစ်အကြေးများ စွန့်ပစ်ခံရပါက မည်သို့လုပ်ဆောင်ကြပါလဲ။ အောက်တွင် comment ပေး၍ အတွေ့အကြုံများ ဝေမျှနိုင်ပါသည်။