Full article

ကားနှင့်ဆိုင်ကယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ အစီးရေ ၃ သန်းခန့် မှတ်ပုံတင်ထားရာတွင် မော်တော်ယာဉ်အစီးရေ ၆ သိန်း၌ အလုံးစုံ အာမခံထားရှိမှု အရေအတွက်မှာ သောင်းဂဏန်းသာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တစ်ဆင့် စုံစမ်းသိရှိရသည်။

Car-Market

မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ၆ သိန်းကျော်နှင့် ဆိုင်ကယ်အစီးရေ ၂၃ သိန်းခန့်ရှိသောကြောင့် စုစုပေါင်း ယာဉ်အစီးရေ ၃ သန်းခန့် ရှိရာတွင် အလုံးစုံ အာမခံထားရှိမှုမှာ အစီးရေသောင်းဂဏန်း သာရှိသည်ဟုဆိုသည်။ တစ်နိုင်ငံလုံး အစီးရေသုံး သန်းလောက်မှာ အလုံးစုံအာမခံထားရှိမှုက သောင်းဂဏန်းပဲရှိတယ်။ သိန်းဂဏန်းတောင် မရှိသေးဘူး။ အခုဆို ရင်ပုဂ္ဂလိကအာမခံလုပ်ငန်းတွေ လည်းပေါ်လာပါပြီ ဟုမြန်မာ့အာ မခံလုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်း ကပြောသည်။ အာမခံထားရှိမှုနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်များ အချိန်ကုန်သက် သာစေရန် ယာဉ်သစ်နှင့် သက်တမ်းတိုးယာဉ် နှစ်မျိုးခွဲခြားဆောင်ရွက်နေပြီး တစ်နေ့လျှင် အစီးရေ ၂ဝ,ဝဝဝ အထိ လက်ခံဆောင်ရွက်ပေးနိုင်သည် ဟုသိရသည်။

Ref: Auto World

Photo detail: www.ctvnews.ca

Author