မြန်မာတစ်နိုင်ငံလုံးတွင် ၂ဝ၁၇ အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၁၈,၁၇၁ မှုရှိခဲ့ပြီး သေဆုံးသူ ၅ထောင်ကျော်ရှိ

0

Full article

မြန်မာတစ်နိုင်ငံလုံးတွင်း ၂ဝ၁၇ အတွင်း ယာဉ်မတော်တဆမှု ၁၈,၁၇၁မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅ ထောင်ကျော် ရှိခဲ့ကြောင်း နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးချူပ်ကနေ သိရသည်။

မြန်မာတစ်ပြည်လုံး ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုများအနက် ပဲခူးတိုင်းဒေသကြီးမှာ အများဆုံး ဖြစ်ပြီး ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းနှင့် တတိယအများဆုံးမှာ မန္တလေးတိုင်းတွင် ဖြစ်ပွားခဲ့ကာ သေဆုံးခဲ့သူ ၅,၂၅ဝ ဦး၊ ဒဏ်ရာရသူ ၂၉,၁၄၄ ဦး နှင့် ဆုံးရှူံးမှုတန်ဖိုးကျပ်ငွေ ၅,၄၅၄,၂၇၈,၂၉၅ ရှိခဲ့ကြောင်းနှင့် အမှုဖြစ်ပွားခဲ့သည့် တရားခံ ၂ဝ,၂၉ဝ ဦးအား အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။

"ယာဉ်မတော်တဆမှုတွေက ယာဉ်မောင်းတွေက မဆင်မခြင်မောင်းတာရယ် အရှိန်လွန်ပြီး ဝင်တိုက်တာတွေက များတယ်။ အရင်နှစ်တွေထက်စာရင် လျှော့လာတယ်လို့လည်း ပြောလို့ရတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နဲ့အညီမောင်းရင် အသက်အန္တရာယ်တွေ ဆုံးရှူံးမှုတွေ မဖြစ်လာနိုင်ဘူး။ "ဟု နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးချူပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး ယာဉ်တိုက်မှုများအရ ယခင်နှစ်ထက် လျှော့နည်းလာခဲ့သော်လည်း ဆိုင်ကယ်စီးနင်းမှုများတွင် ဦးထုတ်မဆောင်းခြင်းများကြောင့် ဖြစ်ပွားခဲ့မှုနှုန်း များနေရာ ယာဉ်တိုက်မှုအများဆုံးဖြစ်သော ပဲခူးတိုင်းဒေသကြီးတွင် ၂,၆၉၆ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂,၅၈၃ မှုနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၂,၂၃၃ မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Author