Full article

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် လစဉ် ယာဉ်မ တော်တဆမှု ၄ဝ ရာခိုင်နှုန်းမှာ တိုက်ထွက်ပြေးများ ဖြစ်နေကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံ (ရန်ကုန်)'၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

Car-ACc

ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပျမ်းမျှ ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း နှစ်ရာခန့် ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ယာဉ်မောင်း တိုက်ထွက်ပြေးသည့် အမှုမှာ အမှုစုစုပေါင်း၏ ခုနစ်ဆယ်ကျော် ရှိခဲ့ကြောင်း သိရပြီး လစဉ် ယာဉ်မတော်တဆ ဖြစ်စဉ်များ၏ ၄ဝ ရာခိုင်နှုန်းမှာ တိုက်ထွက်ပြေးများ ဖြစ်နေကြောင်း သိရသည်။ "တိုက် ထွက်ပြေးတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်တဲ့နေရာမှာ ပြစ်မှုအနေနဲ့ ပိုများတာ မရှိပေမဲ့ ယာဉ်တိုက်မှုဖြစ်ပြီး တာဝန်သိသိနဲ့ လူသားချင်း စာနာစိတ်နဲ့ ကူညီတယ်ဆို ရင် ယာဉ်တိုက်ခံရတဲ့ သူတွေနဲ့ တိုက်တဲ့သူတွေ့ပြီး ကြေအေးကြတဲ့ကိစ္စမှာ တရားသူကြီးက ဒီအမှု ကျေအေးပေးရန် သင့်၊ မသင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်မှုစစ်တွေနဲ့ ထင်မြင်ချက်ကို တောင်းခဲ့တာမျိုးရှိတယ်၊ အဲဒီလို အခြေအနေမျိုးမှာဆိုရင် တိုက်ပြီး ထားခဲ့ပြီး ထွက်ပြေးတဲ့ယာဉ်မောင်းကို နောက်မှ ဖမ်းမိတဲ့အခါ ယာဉ်တိုက် ခံရတဲ့သူနဲ့ တွေ့ပြီး ကျေအေးမှုရယူ ခဲ့ရင်တောင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ကျေအေးခွင့်ပြုဖို့အတွက် ထောက်ခံချက်မပေးပါဘူး၊ သက်သက် တရားစွဲဆိုစေတာမျိုးတွေ ဆောင်ရွက် ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် ထွက်ပြေးသည့် ပြစ်မှုများ၌ ယာဉ်အမျိုးအစား၊ နံပါတ် မှတ်မိလိုက်သည့် ဖြစ်စဉ်မှာ အမှုခုနစ်ဆယ်တွင် ငါးဆယ်ခန့်ရှိပြီး ကျန် နှစ်ဆယ်မှာ ယာဉ်အမျိုးအစား၊ ယာဉ်နံပါတ် သိရှိခြင်းမရှိသည့် ဖြစ်စဉ်များ ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်လတာအတွင်း တိုက်ထွက်ပြေး ဖြစ်စဉ်များမှ အမှု တစ်ဝက်ကျော်ကို ပြန်လည် ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်အမှုများမှာ ဆက်လက် ရှာဖွေစုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှုဖြစ်ပွားခဲ့ပြီး ယင်းတွင် တိုက်ထွက်ပြေး ဖြစ်စဉ် ၁၄၈ မှုခန့် ပါဝင်နေကြောင်း သိရကာ ပြစ်မှုများ ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Automobile

Author