၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှု ၂၅ဝဝ ကျော်နှင့် သေဆုံးသူ ၆ဝဝ ခန့်ရှိ

0

Full article

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၂၅၇၁မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆ဝဝ နီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရသည်။

ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများတွင် အမျိုးသား ၄၈၈ ဦးနှင့် အမျိုးသမီး ၁၁၁ ဦးရှိခဲ့ပြီး၊ ယာဉ်မ တော်တဆမှုအများစုမှာ ယာဉ်မောင်မဆင်မခြင်မောင်းနှင်မှုကြောင့်ဖြစ်ကာ ညပိုင်းအချိန်တွင် အများဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရသည်။

"ယာဉ်မတော်တဆမှု တွေထဲမှာ ညပိုင်းအဖြစ်များတယ်။ ယာဉ်မောင်းတွေက မဆင်မခြင်မောင်းတာရယ် အရှိန်လွန်ပြီး ဝင်တိုက်တာတွေများတယ်။ ညပိုင်းကျတော့ ကားကလည်းရှင်း တော့ ဆွတ်ပီးမောင်းကျတာ။"လို့ ရန်ကုန် တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျအရာ တစ်ဦးက ပြောကြားသည်။

၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိခဲ့မှု အများဆုံး ဖြစ်ခဲ့သည့်အမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇၊ ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ပျဉ်းမ ပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းအဟောင်းရှေ့တွင် ဖြစ်ပွားခဲ့သည့် YBS ၃၇ ယာဉ် နှင့် YBS ၅၅ ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြသည့် အမှုဖြစ်ပြီး၊ လူ ၁ဝ ဦးသေဆုံးခဲ့ကာ ၃ဝ နီးပါးဒဏ်ရာရရှိခဲ့သည်။

Author