မြန်မာ့အပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲကြီးဖြစ်သော AMPA MYANMAR နှင့်အတူ မြန်မာ့အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ်နည်းပညာနှင့် လျှစ်စစ်စွမ်းအင်ဆိုင်ရာ ပြပွဲကြီးဖြစ်သော POWER EXPO MYANMAR တို့ကို Yangon Convention Center ွင်စ က်တင်ဘာလ ၂၇ မှ ၃ဝ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယခုကဏ္ဍကြီး(၂)ခုဖြင့်ပြသသွားမည့်ပြပွဲကြီးတွင် တရုတ်၊ဂျာမနီ၊ အိန္ဒိယ ၊ဂျပန်၊ကိုရီးယား ၊မလေးရှား၊မြန်မာ၊ထိုင်ဝမ်၊ထိုင်းနှင့်ဗီယက်နမ်အစရှိသည့်နိုင်ငံပေါင်း (၁ဝ) နိုင်ငံမှလာရောက်ပြသသောလုပ်ငန်းရှင်ပေါင်း (၁၂ဝ)ကျော်တို့ပါဝင်မည်ဟု သိရသည်။
ယခုပြသမည့်ပြပွဲကြီးတွင်ကမ္ဘာအနှံ့မှကျွမ်းကျင်လုပ်ငန်းရှင်များနှင့်အရောင်းအဝယ်လုပ်ငန်းရှင်များသီးသန့်တစ်ဦချင်းတွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် one-on-one trade meeting (သီးသန့်ဆွေးနွေးပွဲများ) ၁ဝဝဝကျော်ကို ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
အဆိုပါပွဲတွင် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ နောက်တွဲယာဉ်အစိတ်အပိုင်းများ၊ ကားအစိတ်အပိုင်းများ နှင့် ပြင်ဆင်ထိန်း သိမ်းခြင်း ကုန်ပစ္စည်းများ၊မော်တော်ဆိုင်ကယ်၊ အသေးစားမော်တော်ဆိုင်ကယ် ၊မော်တော်ဆိုင် ကယ်အစိတ်အပိုင်းများ၊ ပါဝါနှင့်လျှပ်စစ်ပိုင်း ဆိုင်ရာစက်ပစ္စည်းကိရိယာများ၊ စမ်းသပ်ခြင်းနှင့်တိုင်းတာခြင်းကိရိယာများ၊ စက်မှုလုပ်ငန်းသုံးအီလက်ထရောနစ်ကိရိယာများ၊ဘက်ထရီများ နှင့် နာမည်ကြီးလုပ်ငန်းများစွာပါဝင်မည်ဖြစ်ကြောင်းသိရသည်။
Market