လာမည့်နှစ်တင်သွင်းခွင့်ပြုမည့် မော်ဒယ်သတ်မှတ်ချက် စလစ်ကပ်ကားများကို ၂ဝဝ၉ မော်ဒယ်မှ စ၍ သုံးနှစ်ခုန်ပုံစံဖြင့်သာသွားမည်

0

Full article


ပြည်ပမှ ကားတင်သွင်းခွင့်ပြုရာတွင် ၂ဝ၁၇ ခုနှစ်အတွက် စလစ်ကပ်ကားတင်သွင်းခြင်းကို ၂ဝဝ၉ မော်ဒယ်မှစ၍ သုံးနှစ်ခုန်ပုံစံဖြင့်သာသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

အရည်ကြိုစလစ်ကပ်ကားများကို စလစ်ကပ်ကားများ ၂ဝဝ၉ မော်ဒယ်မှစ၍ တင်သွင်းခွင့်ပြုနိုင်ရန် လျာထားပြီး အောက်တိုဘာလတွင် မော်ဒယ်သတ်မှတ်ချက်များကို ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကပြောပါတယ်။ မော်ဒယ်သတ်မှတ်ချက်အတွက် စလစ်ကပ်ကားတွေကို ၂ဝဝ၉ မိုဒယ်ကစပြီး တင်သွင်းခွင့်ပြုဖို့ ဆွေးနွေးနေပါတယ်။ အတည်ပြုချက်များကို တရားဝင်ထုတ်ပြန်ပေးသွားမှာပါဟု အထက်ပါ ဌာနမှပြောသည်။

စလစ်ကပ်ကားများ ၂ဝဝ၉ မိုဒယ်မှ စမည်ဆိုလျှင် ကားဈေးနှုန်း မှာ အနည်းငယ်လျော့ကျလာနိုင်ပြီး ကားအရောင်းအဝယ် ပြုလုပ်မှု ပြန်လည်အားကောင်းလာနိုင်ကြောင်း ကားတင်သွင်းရောင်းချသူများက သုံးသပ်ထားကြသည်။

ခေတ်သစ်

Author