လိုင်စင်မဲ့ကားဟုတ်မဟုတ် အုံနာဘုတ်၊ဝှီးတက်၊ကားတို့ကိုလာရောက်စစ်ဆေးနိုင်

0

Full article

လိုင်စင်မဲ့ကားများကို လိမ်လည်ရောင်းချခြင်းများရှိနေရာ အုံနာဘုတ်၊ဝှီးတက်နဲ့ဝယ်ယူမည့်ကားတို့ကို လာရောက်စစ်ဆေးနိုင်ပါတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားရေးမှူဦးစီးဌာနကပြောပါတယ်။

လိုင်စင်မဲ့ကားဟုတ်မဟုတ် လာရောက်စစ်ဆေးရာတွင် ကားကိုမဝယ်ယူခင် လာရောက်ဆောင်ရွက်သူရဲ့ နိုင်ငံသားမှတ်ပုံတင်၊ယာဉ်မှတ်ပုံတင်စာအုပ်၊ဝှီးတက်၊နဲ့ စစ်ဆေးမည့်ကားများကိုပါတစ်ပါးတည်းယူဆောင်လာ၍လာရောက်စစ်ဆေးလို့ရပါတယ်လို့သိရပါတယ်။ယာဉ်အားမစစ်ဆေးခင် ပိုင်ရှင်မှန်ကန်မှူမရှိပါက ယာဉ်မှတ်ပုံတင်စာအုပ်၊ကားတို့ကို သက်ဆိုက်ရာမှသိမ်းဆည်းအရေးယူသွားမှာဖြစ်တဲ့အကြောင်း သိရှိကြောင်းဝန်ခံလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

ယာဉ်များကိုဝယ်ယူရာတွင်လိုင်စင်မဲ့ကားများကိုစာအုပ်များအတုလုပ်ကာရောင်းချခြင်းများရှိနေမှူတို့ကို ကြုံတွေ့နေရသည့်အတွက် ထိုကဲ့သို့စစ်ဆေးပေးနေကြောင်းသိရသည်။

ခေတ်သစ်

Author