လက်ရှိတွင်ဆိ်ပ်ကမ်းမှ မထုတ်ယူရသေးခြင်းနှင့် ကုန်ကျစရိတ်များ အသေးစိ်တ်မတွက်ချက်ရသေးခြင်းကြောင့် ဈေးနှုန်းမထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ "အိန္ဒိယကားဆိုတော့ ဒီကချယ်ရီထက်တော့ သာမှာပါ။ ဈေးနှုန်းပဲကြည့်ရမယ် သေချာတာကတော့ဂျပန် 1.3 (အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ) ကားတွေလောက်တော့ လူကြိုက်များမှာမဟုတ်ဘူး" ဟု ဝါရင့်ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင် ဦးသန်းမြင့်က ပြောဆိုသည်။
TATA Nano အပြင် TATA Manza, TATA Xenon Single Cab နှင့် Space Cab များပါ ရန်ကုန်
ဆိပ်ကမ်းသို့ရောက်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ TATA ကုန်တင်ယာဉ်ကြီး နှင့် ကုန်တင်ယာဉ်ငယ်များ ကိုလည်း ဧပြီလ ၇ ရက်နေ့မှ စတင်၍ ပုလဲဥယျာဉ်အိမ်ရာ ၊ ပုလဲမြို့သစ် ၊ မင်္ဂလာဒုံမြို့နယ်ရှိ Apex Greatest Industrial ကုမ္ပဏီ၏ အရောင်းပြခန်းတွင်စတင်ရောင်းချခဲ့ပြီး ကားအမျိုးအစားပေါ်မှုတည်၍ ကျပ်သိန်း ၁၁ဝ မှ သိန်း ၆၁ဝ အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးက ပြောကြားသည်။
လက်ရှိပြည်တွင်းကားဈေးကွက်တွင် ဈေးအချိုဆုံး ယာဉ်များဖြစ်သော ပြည်တွင်းစက်မှုဇုန်ထုတ် အမိုးဖွင့် ဂျစ်ကား (ဂျစ်ပု၊ ရှမ်းစတားဂျစ်) တစ်စီးလျှင် ကျပ်သိန်း ၂၅ သိန်းမှ သိန်း ၃ဝ ဝန်းကျင် ၊ ချယ်ရီဝက်ဂွန် နှင့် မြန်မာ မီနီဆလွန်းတို့မှာ ကျပ်သိန်း ၆ဝ မှ ၆၅ အထိဈေးပေါက် လျက်ရှိကြောင်း အဆိုပါဈေးကွက်မှစုံစမ်းသိရှိ ရသည်။
အင်ဂျင်ပါဝါ ၆၂၄ စီစီ ရိုးရိုး ဂီယာအမျိုးအစား TATA Nano မော်တော်ယာဉ်တစ်စီးကို မော်ဒယ် အနိမ့် အမြင့် ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၂၈ဝဝ (ကျပ် ၂၅ သိန်းခန့် ) မှ ၄ဝဝဝ (ကျပ် ၃၇ သိန်း ဝန်းကျင်) အထိရှိကြောင်း TATA Nano ၏ တရားဝင် အင်တာနက်စာမျက်နှာပေါ်တွင်ဖော်ပြထားသည်။
The Voice Daily မှ ကူးယူဖော်ပြသည်။