မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒ (၂၆) ခုအပါအဝင် လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ပေါင်း (၂၄၀) ကို ချမှတ်နိုင်ခဲ့

0

Full article

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒ (၂၆) ခုအပါအဝင် လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ပေါင်း (၂၄၀) ကိုချမှတ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောကြားခဲ့သည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ မော်တော်ယာဉ်အရောင်းစင်တာ၊ အရောင်းပြခန်းများ စနစ်တကျဖွင့်လှစ်နိုင်ရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ လုပ်ငန်းအပေါ် တွေ့ကြုံရသောအခက်အခဲများကို ကော်မတီဝင်များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒချမှတ်မှု (၂၆) ခုအပါအဝင် လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ပေါင်း (၂၄၀) ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မော်တော်ယာဉ်တင်သွင်းရာတွင် ဌာနများမှ အခက်အခဲများ၊ ပြဿနာများကို စုပေါင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ထိရောက်မှုများရှိလာပြီး ပြဿနာအခက်အခဲများ တဖြည်းဖြည်း လျော့နည်းလာခဲ့ကြောင်းနှင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/၂၀၂၀) တွင်ပြောကြားခဲ့သည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/ ၂၀၂၀) ကို ၂-၇-၂၀၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ဌာနများမှတင်ပြချက်များကို ကော်မတီဝင်များမှ ဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးချက်များကို ပြည်ထောင်စုဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးကာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့်အညီ ညှိနှိုင်းပေါင်းစပ်ခဲ့ကြောင်းသိရသည်။

Author