ဘတ်စ်ကားမှတ်တိုင်ပေါင်း ၃၅ဝ ကို CCTV ကင်မရာများ တပ်ဆင်၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်

0

Full article

ရန်ကုန်မြို့တွင်း စည်ပင်သာယာ နယ်နမိတ်အတွင်း YBS ဘတ်စ်ကားမှတ်တိုင်ပေါင်း ၃၅ဝ ကို CCTV ကင်မရာများတပ်ဆင်၍ ပြန်လည် ပြုပြင်ပြီးအဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သိရသည်။

"ဘတ်စ်ကားမှတ်တိုင်တွေကို အဆင့်မြှင့်တင်ဖို့ လာမယ့် ၂ဝ၁၉ မှ ဆောက်ရွက်ဖို့ရှိတယ်။ နိုင်ငံတကာမှာ အသုံး ပြုနေတဲ့ ဘတ်စ်ကားမှတ်တိုင်လိုမျိုး အဆင့်မြှင့်တင်သွားမှာပါ။ လုံခြုံရေးအရ မှတ်တိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်သွားမယ်။ ကင်မရာတွေတပ်ထားရင် ဒုစရိုက်မှုတွေ ဖြစ်ပွားတာကိုလည်း အချိန်မရွေး ပြန်ကြည့်လို့ရတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူရာတွင် ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် JC DECAUX တင်ဒါအောင်မြင်ခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်တင်သွင်းရာတွင် မိုဒယ်မြင့် ကားကောင်းများ တင်သွင်းလာသော်လည်း လမ်းပျက်စီးမှုများ ရှိနေခြင်း၊ ယာဉ်ရပ်နားရန် ကားပါကင်များ မလုံလောက်ခြင်းနှင့် ခရီးသည်တင် ကားမှတ်တိုင်များကိုလည်း ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ခြင်းတို့ ရှိနေကြောင်းသိရသည်။

R-01

Author