ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြထားသောကြောင့် ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းကို ကုမ္ပဏီ တစ်ခုလျှင် ကားအစီး ၂၅ စီး ပါမစ်ထပ်ထိုးလျှောက်ထားခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြထားတဲ့အတွက် ကုမ္ပဏီ တစ်ခုကို ၂၅ စီးအထိ ပါမစ်လျှောက်ထားခွင့်ထပ်တိုးခွင့်ပြုပါတယ်။ လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခရီးသည်တင် ကားများတင်သွင်းခွင့်ပြုရာတွင် ၂ဝ၁၂ မိုဒယ်နှင့်အထက် ဘယ်မောင်း တစ်မျိူ းတည်းကိုသာတင်သွင်းခွင့်ပြုထားပြီး ကုမ္ပဏီ တစ်ခုလျှင် ကားအစီးရေ ၅ စီးသာ တင်သွင်းခွင့် ပေးရာမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထောက်ခံချက်ဖြင့် YBS ယာဉ်လိုင်းများတွင် အသုံးပြုရန် ကုမ္ပဏီ တစ်ခုလျှင် ၂၅ စီးအထိ ထပ်တိုးလျှောက်ထားခွင့်ပြုထားကြောင်းသိရပါတယ်။ မေလအကုန် ရောက်ရှိလာမည့် YBS ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ကားအစီးရေ ၁ဝဝဝ သည် တရုတ်နိုင်ငံထုတ် ယူတောင်း ကားအစီး ၅ဝဝ နှင့် အန်ကိုင်း ကားအစီး ၅ဝဝ ဖြစ်ပြီး ဧပြီလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာချူ ပ်ချူ ပ်ဆိုဝယ်ယူထားခဲ့ပြီးဖြစ်ပါတယ်။
ခေတ်သစ်
Photo Credit