တက္ကသိုလ် အခြေခံပညာကျောင်းများမှ ကျောင်းသားများ ယာဉ်စီးခ ၁ဝဝ ကျပ်စီးနင်သာကောက်ခံရန် လမ်းပန်းဝန်ကြီး ညွန်ကြားထား

0

Full article

![](/redline/content/images/2017/06/၁-300x168.jpg)

Photo Credit

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား ခရီးသည်တင်ယာဉ် စီးနင်းပါက ယာဉ်စီးခ ၁ဝဝ ကျပ်သာကောက်ခံရန် လမ်းပန်းဝန်ကြီးမှ ယာဉ်လိုင်းများအား ညွန်ကြားထားရှိကြောင်း သိရသည်။ ကျောင်းဖွင့်ရာသီမှာ ကျောင်းသားတွေ အဆင်ပြေဖို့အတွက် ယာဉ်စီးခ ကောက်ခံတာ ၁ဝဝ ကျပ်ပဲ ကောက်ဖို့ ညွန်ကြားထားပါတယ်။ တက္ကသိုလ်ကျောင်းသားတွေကလွဲပြီး အခြေခံပညာကျောင်းသားတွေ ကို သတ်မှတ်တာဖြစ်ပါတယ်။ဟု ဇွန်လ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အစည်းအဝေး တွင် ယာဉ်လိုင်းတာဝန်ခံများကို လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့ကြောင်းသိရသည်။ လက်ရှိတွင် ခရီးသည်တင် YBS ယာဉ်လိုင်းများ ယာဉ်စီးခကောက်ခံမှူကို အဲယားကွန်းဘတ်စ်ကားများအား ခရီးစဉ်အကွာအဝေးပေါ်မူတည်၍ ခရီးစဉ်အစအဆုံးအား ယာဉ်စီးခ ၂ဝဝ ကျပ်ကောက်ခံရန် သတ်မှတ်ထားရှိပြီး ခရီးစဉ်အတိုများနှင့် မြို့တွင်းပြေးဆွဲနေသည့် ကားများကို ၁ဝဝ ကျပ်နှူန်းသာ ကောက်ခံရန်သတ်မှတ်ထားရှိပါတယ်။

ခေတ်သစ်

Author