ရန်ကုန်မြို့တော်အတွင်း ခရီးသည် တင်ယာဉ်များအဖြစ် ပြေးဆွဲရန် စီးတီးဘတ်စ်များ အသစ် ထပ်မံတင်သွင်းရာ၌ ၂ဝဝ၉ မိုဒယ်နှင့်အထက် ယာဉ်များသာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားမှု ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။
SAMSUNG DIGIMAX 360
ခရီးသည်တင်ယာဉ်တွေကို အရင်က ကြိုက်တဲ့မိုဒယ် သွင်းခွင့် ရှိတယ်ဆိုပြီး ခွင့်ပြုထားပေမဲ့ ဒီနှစ်ကစပြီး အသစ်သွင်းမယ့် ခရီးသည်တင်ယာဉ်တွေကို ၂ဝဝ၉ မိုဒယ် အနိမ့်ဆုံးထားပြီး တင်သွင်းရမယ်လို့ ညွှန်ကြားထားတယ်၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ လတ်တလော မှာထားတဲ့ယာဉ်တွေကို ဆက်သွင်းခွင့်ပြုမယ်၊ အသစ်သွင်းမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ မိုဒယ်ပဲ တင်သွင်းခွင့် ပြုတော့မှာပါဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ပြည်တွင်း၌ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်ကို ပြောင်းလဲခဲ့ပြီး ခရီးသည်တင်ယာဉ် စစ်ကျန်ဘတ်စ်များ နေရာတွင် ပြည်ပခရီးသည်တင်ယာဉ် စီးတီးဘတ်စ်များ အစားထိုး တင်သွင်းပြေးဆွဲခဲ့ကြကာ ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်မို ဒယ်များဖြင့် တင်သွင်းပြေးဆွဲခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။
Ref: Automobile