တန်ဖိုးကြီး Luxury ဇိမ်ခံကားမဟုတ်သည့်လုပ်ငန်းသုံးယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကိုလည်း ဧပြီလ ၁ရက်မှစ၍ စလစ်ကပ်တင်သွင်းယာဉ် ဖြစ်ပါက ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်

0

Full article


လုပ်ငန်းသုံးယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကိုလည်း ဧပြီလ ၁ရက်မှစ၍ စလစ်ကပ်တင်သွင်းယာဉ် ဖြစ်ပါက ကြိုတင်ဝင်ငွေခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။ဧပြီလ ၁ ရက်က စပီး စလစ်ကပ်တင်သွင်းယာဉ်အားလုံး ကြိုတင်ဝင်ငွေခွန်ကောက်ခံသွားမှာဖြစ်ပါတယ်။စလစ်ကပ်တင်သွင်းယာဉ်အားလုံးကို ဆိုလိုတာပါ။လုပ်ငန်းသုံးနဲ့ ခရီးသည်တင်ယာဉ်တွေလည်းပါပါတယ်၊ဟု နေပြည်တော်ပြည်တွင်းအခွန်များဦးစီးဌာနက အကြီးတန်းအရာရှိကြီးတစ်ဦးကပြောပါတယ်။

ယာဉ်အိုယာဉ်ဟောင်း စနစ်ဖြင့်တင်သွင်းထားသော စလစ်ကားများကို ဧပြီလ ၁ ရက်နေ့မှစကာ ကြိုတင်ဝင်ငွေခွန်ကောက်ခံပီးမှသာ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ်တယ်လို့ သိရပါတယ်။

ယခင်က ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ် ကားများကိ ုကြိုတင်ဝင်ငွေခွန် ကောက်ခံတာကို ကင်းလွတ်ခွင့်ပြုထားရာမှ တန်ဖိုးကြီး Luxury စလစ်ကပ်ကားအားလုံးကို ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

ယာဉ်အိုယာဉ်ဟောင်း တစ်စီးအပ်ပြီး တစ်စီးတင်သွင်းနေတဲ့ကားတွေကို အခွန်ကောက်မယ်ဆိုတာက မဖြစ်သင့်ပါဘူး။လုပ်ငန်းသုံးကားတွေနဲ့ ဘတ်စ်ကားတွေက နိုင်ငံအတွက် လိုအပ်ချက်ရှိသေးသလို အခွန်ကောက်မယ်ဆိုရင် ပြည်သူတွေရဲ့ ဝင်ငွေရရှိမှူကိုကြည့်ရပါမယ်။မျှတတဲ့ အခွန်ပမာဏာ ကောက်ခံတယ်ဆိုရင် အားလုံးလက်သင့်ခံမှာပါဟု ကားတင်သွင်းရောင်းချသူအများစုက ပြောကြသည်။

ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ကင်းလွတ်ခွင့်ပေးရန် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက တင်ပြထားရှိတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author