Bus and Truck Myanmar (2017) ကုန်စည်ပြပွဲကို နိုဝင်ဘာလတွင် ကျင်းပပြု လုပ်သွားမည်

0

Full article

မြန်မာနိုင်ငံတွင် ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ခင်းကျပြသည့် Bus and Truck Myanmar (2017) ကုန်စည်ပြပွဲကြီးကို နိုဝင်ဘာ ၁၇ မှ ၁၉ ရက်အထိ နှစ်ရက်တိုင်တိုင်၊ Myanmar Event Park တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပပြုလုပ်သည့် MYANAUTO'17 သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါပွဲကို AMB Tarsus Events Group က ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာ့မော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်၊ ထိုင်ဝမ်၊ ထိုင်းအစရှိသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅ဝ ကျော်က ကား၊ ဘတ်(စ်) ကား၊ ကုန်တင်ကားနှင့် ပတ်သက်သော ယာဉ်အပိုပစ္စည်းများစွာ ပါဝင်ပြသသွားမည်ဟု သိရသည်။

ပြပွဲတွင် မော်တော်ယာဉ်မြန်နှုန်းတိုင်းတာခြင်းနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများစွာကို မြင်တွေ့နိုင် သည့် Top Mechanic Challenge 2017 ပြိုင်ပွဲ အစီအစဉ်ပါရှိပြီး အနိုင်ရရှိသူအား ငွေကျပ်သိန်းပေါင်း ၄ဝ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ mechanic ပေါင်း ၂ဝမှ ၄၅ မိနစ်အတွင်း အင်ဂျင်ဝိုင်၊ တာယာ၊ ကားမီးများ၊ ဘက်ထရီ၊ ချောဆီ၊ ကြံ့ခိုင်မှုများကို စစ်ဆေးမှုများနှင့် စာတွေ့စစ်ဆေးမှုများ ပြုလုပ်စေခြင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

MYANAUTO'2017 ကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၅ နှစ်မြောက်ရှိ ပြီဖြစ်သည်။

Author