၂ဝ၁၈ တွင် ဘတ်စ်ကားများကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြု

0

Full article

Photo Credit

Zaawgyi Version 

၂ဝ၁၈ တွင် ခရီးသည်တင် ဘတ်စ်ကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်အထိ ဘယ်မောင်းတစ်မျိူးတည်း တင်သွင်းခွင့်ပေးမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

"ခရီးသည်တင်ကားတွေနဲ့ လုပ်ငန်းသုံး ကားတွေကို ဘယ်မောင်းကားတွေပဲတင်သွင်းခွင့်ပေးမှာပါ။နောက်လ လောက်တော့ မိုဒယ်သတ်မှတ်ချက်တွေကို တရားဝင်ထုတ်ပြန်ပေးသွားမယ်။အခုလက်ရှိတော့ အရင် သတ်မှတ်ထားတဲ့ အတိုင်းပဲ ခွင့်ပြုပေးနေတယ်။" စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောကြားသည်။

ထိုသို့ တင်သွင်းခွင့်ပြုရာတွင် city bus များ၊ mini bus များ၊ express ကားများပါဝင်ကြောင်း သိရသည်။

ယခုနှစ် ခရီးသည်တင်ဘတ်စ်များတင်သွင်းခွင့်ပေးရာတွင် Express ကားများကို ၂ဝ၁၂ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ (ဘယ်မောင်း)၊ခရီးသည်တင် မြို့တွင်းပြေးဆွဲယာဉ်များကို ၂ဝဝ၇ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ (ဘယ်မောင်း)ကားများကို တင်သွင်းခွင့် ပြုထားကြောင်း သိရပါသည်။

ခေတ်သစ်

Author