ကားမော်ဒယ်အသစ်အမည်ကို Chiron လို့ ပေးထားပြီး ဒီအမည်ဟာ Bugatti ရဲ့ အကောင်းဆုံး ကားမောင်းသမား နဲ့ သူ့ခေတ်သူ့အခါက ကမ္ဘာ့အကောင်းဆုံး ကားမောင်းသမားတစ်ဦးဖြစ်သူ Louis Chiron ရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်တာဖြစ်ပါတယ်.။
"သူ့ခေတ်အခါက ကမ္ဘာ့အကောင်းဆုံး ကားမောင်းသမား၊ အကောင်းဆုံး Bugatti ကားမောင်းသမားတစ်ဦး အမည်နဲ့ ကမ္ဘာ့အကောင်းဆုံး ကားတစ်စီးဆိုတော့ ဒါဟာ အကောင်းတကာ့အကောင်းဆုံး ပေါင်းစပ်မှုတစ်ခုပါပဲ" လို့ Bugatti ရဲ့ President ဖြစ်သူ Wolfgang Dürheimer က ဆိုပါတယ်.။
ကားနဲ့ပတ်သက်ပြီးတော့ ဒီကားဟာ ကမ္ဘာ့စွမ်းအားအပြင်းဆုံး၊ အမြန်ဆုံး၊ သက်တောင့်သက်သာအရှိဆုံး နဲ့ သီးသန့်အဖြစ်ဆုံး Sport ကား ဖြစ်လာမယ်လို့ ဆိုပါတယ်.။ ဒီကားကို လတ်တလောမှာ အထူးရွေးချယ်ထားတဲ့ Customer အချို့ကို စမ်းသပ်မောင်းနှင်ဖို့ ပေးအပ်ထားပြီး ကားကို မောင်းနှင်မကြည့်ရသေးဘဲ ဝယ်ယူဖို့ စာရင်းပေးသွင်းထားသူ 100 ကျော် ရှိနေပြီလို့လဲ ဆိုပါတယ်.။
Bugatti ရဲ့ ကားအသစ် Chiron ကို 2016 March လမှာ ကျင်းပမယ့် Geneva Motor Show မှာ စတင် ပြသသွားမှာ ဖြစ်ပါတယ်.။
Source: dupontregistry
အောင်မွန်ချမ်း
No. 1 Car Site in Myanmar