BRT ဘတ်စ်ကားများကို ထိန်းချူ ပ်စောင့်ကြည့်မည့် Control Room တည်ဆောက်သွားမည်

0

Full article


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးနေသော BRT အမြန်ယာဉ်ကားများကို ထိန်းချူ ပ်စောင့်ကြည့်သွားမည့် Control Room အားမကြာခင်တည်ဆောက်သွားမှာဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကသိရပါတယ်။ထို BRT ကားများထိန်းချူ ပ်စောင့်ကြည့်သွားမည့် Control Room ကို ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန်မြို့ BRT ဂိတ်ရင်းအနီးတွင် တည်ဆောက်သွားမှာဖြစ်ရာ GPS စနစ်ကနေတဆင့်လည်းထိန်းချူ ပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထောက်ကြန့်နားမှာတော့ BRT ကားတွေကိုထိန်းချူ ပ်စောင့်ကြည့်ရန် Control Room ကိုတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ စည်းကမ်းတကျပြေးဆွဲလားနေလားဆိုတာ စောင့်ကြည့်သွားမှာပါ။တစ်ချို့ကားတွေကတော့ GPS တပ်ဆင်ထားတာဖြစ်တဲ့အတွက် ဖုန်းတွေကနေလည်း ကားကဘယ်ရောက်နေလဲဆိုတာကို စောင့်ကြည့်သွားမှာပါ။ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

BRT အမြန်ယာဉ်စနစ်သည် ခရီးသည်များ လုံခြုံစိတ်ချစီးနင်းနိုင်ရင် အဓိကထားလုပ်ဆောင်နေပြီး ယာဉ်လိုင်း ၁၊၂၊၃၊ တွင်ကားအစီးရေ ၆၅ စီးနေ့စဉ်ပြေးဆွဲ နေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author