အမြန်ယာဉ် သယ်ယူပို့ဆောင်ရေး BRT မှတ်တိုင်များ ထပ်မံတိုးချဲ့ထားရှိမည်

0

Full article

အများပိုင် ဘတ်စ်ကားစနစ် BRT lite စနစ်အား ဖေဖေါ်ဝါရီ ၇ရက်မှ စတင်၍ပြေးဆွဲနေပြီး မှတ်တိုင်များကိုလည်း တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ တိုးချဲ့ထားရှိမည့် မှတ်တိုင်များမှာ ခရီးသည်စီးနင်းမှုများပြားသည့် ပြည်လမ်းမကြီးတစ်လျှောက်မှတ်တိုင် ၂၈ ခုထားရှိရာမှ မှတ်တိုင် ၅ ခုတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ အများပိုင် ဘတ်စ်ကားပြေးဆွဲမှု လမ်းကြောင်း ၁ ဖြစ်သည့် ပြည်လမ်းမကြီးတွင် မှတ်တိုင်အရေအတွက် နည်းပါးနေလျှက်ရှိပြီး စီးနင်းသည့်ခရီးသည်များမှာ မှတ်တိုင်များ တစ်နေရာနှင့် တစ်နေရာ ဝေးကွာနေကြောင်းတင်ပြလာသဖြင့် မှတ်တိုင်အရေအတွက် တိုးချဲ့ရခြင်းဖြစ်သည်။

ခရီးသည်တွေက မှတ်တိုင်တစ်ခုနဲ့တစ်ခု ပိုဝေးနေတယ်လို့ တင်ပြထားတာကြောင့် ဒီလထဲမှာ မှတ်တိုင်အရေအတွက် ပိုပြီး တိုးချဲ့ သွားမှာပါ။ အခုဆိုရင် မှတ်တိုင်ပေါင်းလမ်းကြောင်း ၁ မှာ ၃၃ ခုထိတိုးချဲ့တားရှိမှာဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့နေရာတွေမှာလည်း တိုးချဲ့ သွားဖို့ရှိပါတယ် ဟုရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္မဏီလီမိတက် ဥက္ကဌ ဒေါက်တာ မောင်အောင်ကပြောသည်။

ပြည်လမ်းမတစ်လျှောက် တိုးချဲ့သွားမည့်မှတ်တိုင်များမှာ ရမိုင် မှတ်တိုင်အနီး ၊ မြေနီကုန်း မှတ်တိုင်အနီး ၊ ယောမင်းကြီး လမ်းမှတ်တိုင်အနီး ၊ စံပြမှတ်တိုင်အနီး၊ ၃၁ ဂိတ်ဟောင်းမှတ်တိုင်တို့ဖြစ်ပါသည်။

ခေတ်သစ်

Author