ရန်ကုန်တိုင်းအတွင်းရှိ တံတားကိုးစင်း ကြံခိုင်မှုရှိ၊ မရှိ သေချာအောင် စစ်ဆေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

0

Full article

Phtot Credit- Oscar Photography

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားကြီးကိုးစင်း ကြံ့ခိုင်မှု ရှိ၊ မရှိကို သေချာအောင် မကြာခင် စစ်ဆေး သွားမည် ဖြစ်ကြောင်း ဧပြီ၂ဝ ရက် က UMFCCI ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတားအနီးအနားတွင် သဲများစုပ်ယူခြင်းနှင့် သာကေတ တံတားအောက် ဂလိုင် ဖြစ်နေခြင်းတို့အတွက် တံတားနှင့် ပတ်သက်သော ဦးစီးဌာနများကို အစည်းအဝေးခေါ်ယူကာ စစ်ဆေးမှုများရှိခဲ့ကြောင်း၊ အရေးပေါ်ဖြစ်ခဲ့သည့် တစ်ဖက်နိမ့်သွားသော ကုလားဝဲတံတားကို ပြုပြင်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

"ကျွန်တော်တို့တာဝန်ယူတဲ့ ကာလမှာ တံတားတွေ အရေးပေါ်ဖြစ်တာ မရှိသေးပါဘူး။ ကုလားဝဲ တံတားနိမ့်တာ ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ပြီးပါပြီ။ ကျွန်တော် တာဝန်ယူခဲ့တဲ့ တစ်လျှောက်မှာ တံတားတွေကို စစ်ဆေးတယ်။ အခုပိုသေချာအောင် တံတား ကိုးစင်းကို ထပ်စစ်ဆေးဖို့ လုပ်ထားပါတယ်။ ဘာကြောင့် ထပ်စစ်ဆေး လဲဆိုရင် ပိုသေချာချင်လို့ ထပ်စစ်ဆေးပြီးမှ လွဲတယ်ဆိုတာ မဖြစ်ရအောင် အဆင့်ဆင့် စစ်ဆေးတာပါ။ သန်လျင် တံတားအနီးအနားမှာ သဲစုပ်တာ ၊ သာကေတဘက်ခြမ်းမှာ တံတားအောက် ဂလိုင်ဖြစ်တယ်ဆိုတာ ကျွန်တော်တာဝန် ယူတဲ့အချိန် ချက်ချင်းအရေးပေါ် တံတားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဦးစီးဌာနတွေကို အစည်းအဝေးခေါ်ပြီး ဒါတွေ စစ်ဆေးခဲ့ပါတယ်။ ဒီထက် အရေးပေါ် ပေါ်ပေါက်တာတော့ အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့်သေချာအောင် ထပ်စစ်ဆေးမှာပါ" ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လမ်းအသုံးပြုခ ကောက်ခံရန် တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီများမှ တန်ပိုမောင်းနှင်သည့်ယာဉ်များကို ဒဏ်ကြေး ဖြင့် တင်ဆောင်မောင်းနှင်ခွင့်ပြုနေသည့်အတွက် တံတားခံနိုင်ရည်အား ကျဆင်းသလို ထိခိုက် နစ်နာမှုလည်း ရှိနေ ကြောင်းသိရသည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အကြိမ်ကြိမ်ဆွေး နွေးခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ တံတားများအပေါ်တွင် တန်ပိုယာဉ်ဖြတ်သန်းမောင်း နှင်ခြင်းကို ခွင့်မပြုတော့ဘဲ တံတားဖြတ်သန်းခ ကောက်ခံခြင်းလည်း မပြုလုပ်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့ကြောင်း သိရပါသည်။

Public Transportation

Author