Full article

Suzuki (Myanmar) Motor Co.,Ltd. မှ မြန်မာနိုင်ငံရှိ Suzuki Japan စက်ရုံတွင် တပ်ဆင်ထုတ်လုပ် ထားသော Suzuki Brand New ကားသစ် Ertiga 2015 ကို စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်.။

Suzuki Ertiga ကားသစ်သည် အင်ဂျင်ပါဝါ 1400 cc ရှိသော MPV ကားအမျိုးအစားဖြစ်ပြီး ဓါတ်ဆီကား အမျိုးအစားဖြစ်ပါသည်.။ အရောင်အားဖြင့် မီးခိုးရောင်၊ အဖြူရောင် နှင့် သနပ်ခါးရောင် တို့ဖြင့် ရရှိနိုင်ပြီး Auto Gear, Steering Volume Control နှင့် 3 year (သို့) 100,000 ကီလိုမီတာ limited warranty ပါဝင်ပါသည်.။ Suzuki Ertiga 2015 ၏ အားသာချက်များမှာ မြန်မာနိုင်ငံရှိ Suzuki Japan စက်ရုံမှ ထုတ်လုပ်ခြင်းကြောင့် Spare Parts များ လိုအပ်လျှင် လိုအပ်သလို အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း နှင့် ဘယ်မောင်း (၇) ယောက်စီး ဖြစ်ပြီး Round Aircorn ပါဝင်သော ကြောင့် စီးနင်းလိုက်ပါသူများအတွက် သက်တောင့်သက်သာ ရှိစေပါသည်။ နောက်ဆုံးခုံတန်းအား လိုက်ပါ စီးနိုင်သလို ၊ ခရီးဝေးသွားမည်ဆိုပါ က ခုံတန်းအား ခေါက်သိမ်းစနစ်ဖြင့် ပစ္စည်းများကိုလည်း တစ်ပါတည်း သယ်ယူနိုင်မည်ဖြစ်ပါသည်။

ဈေးနှုန်းမှာ $17900 ဖြစ်ပြီး Suzuki Authorized Dealer ဖြစ်သော Myo Motor (Car Sale Center) တွင် မိတ်ဟောင်း မိတ်သစ်များ လာရောက် ဆက်သွယ်၊ စမ်းသပ်မောင်းနှင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ စမ်းသပ်မောင်းနှင်မှုကို 30.7.2015 ရက်နေ့တွင် နေပြည်တော်တွင်လည်းကောင်း၊ 1.8.2015 ရက်နေ့တွင် ရန်ကုန်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ Myo Motor Car Showroom တွင်လည်းကောင်း ပြုလုပ်နိုင်မှာဖြစ်ပါသည်.။ ကြိုတင် (pre order) မှာယူ ဝယ်ယူ သူမိတ်ဆွေများကို အထူး လက်ဆောင်များလည်း ပေးအပ်သွားမည် ဖြစ်ပါသည်။ စမ်းသပ်မောင်းနှင်ရန်အတွက် Booking ပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များမှာ 09 510 1944, 09 78510 1944, 09 97 555 1944, 01 400123, 01 400 399, 01 55 66 85 သို့ ဆက်သွယ်နိုင်ပါသည်.။ Myo Motor Car Sale Center ၏ ဆက်သွယ်ရန်လိပ်စာမှာ အမှတ် (၁၉၂) အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

No.1 Car Site in Myanmar

www.myanmarcarsdb.com

596b43fb6263315b231cb15652b31d305969b66ac1a58cc4ed0ef8c548c54edb-500x375 41573ed0bd81aaa9811602ef4cce619cfe3bf0f61e31f85a627e7aaa827c90e4-500x375 11028972_1037303996288066_3690788389763359200_n-500x363 11061187_1037304022954730_3476603473022988164_n-500x363 11063720_1037304016288064_838133426431397524_n-500x363 11214196_1037303936288072_5257336821453303096_n-500x175 11215846_1037303922954740_4879441077405292260_n 11811360_1037303999621399_644438500026621613_n-500x36311813476_1037303949621404_7856634823124037345_n

Author