နယ်လိုင်စင် နံပါတ်ထွက် Brand New ကားများအား ရန်ကုန်လိုင်စင်လက်မှတ် အရေအတွက် တစ်ခုခွင့်ပြု ပေးမည်

0

Full article

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို ကားအသစ်ဝယ်ယူမယ့်သူများအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ထို့နောက်မှ နယ်လိုင်စင် နံပါတ်ထွက် Brand New ကားများအတွက် အရေအတွက် တစ်ခုခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်လိုင်စင်စနစ် ခွင့်ပြုရန် တာဝန်ယူလုပ်ဆောင်နေသူတစ်ဦးထံက သိရသည်။

" ကားအသစ်တွေကို ဦးစားပေးပြီးမှ နယ်လိုင်စင် Brand New ကားတွေကို အရေအတွက်တစ်ခုပေးမှာပါ။ အဓိကက ကားအသစ်တင်သွင်းထားတဲ့သူတွေကိုဘဲ စဉ်းစားတာပါ။ ကားဟောင်းတွေကို အရေအတွက်တစ်ခုပေးဖို့ နောက်မှ စဉ်းစားမှာ။ ဒါကလည်း မှတ်ပုံတင်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေနဲ့ ပြန်ဆွေးနွေးရမှာပါ။" လို့ ရန်ကုန်လိုင်စင်စနစ် ခွင့်ပြုရန် တာဝန်ယူလုပ်ဆောင် နေသူ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ နယ်လိုင်စင် နံပါတ်ထွက်ရှိပြီးသား Brand New ကားများကိုလည်း ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate YVQC ခွဲတမ်းလက်မှတ်ဝယ်ပြီး YGN အက္ခရာပြန်ပြောင်းခြင်းကို ယခုနှစ်အတွင်း ခွင့်ပြုပေးမှာ မဟုတ်ဘဲ အသစ်ထပ်မံတိုးပွားလာသော ကားအရေအတွက်ကိုသာ အဓိကထား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လိုင်စင် ရရှိမည့် brand new ကားများကိုတော့ ရန်ကုန်တိုင်း ကားတင်သွင်းခွင့်လက်မှတ် YVQC စနစ် ဖြင့် ရန်ကုန်လိုင်စင်ချ ထားပေးရာတွင် ကားအစီးရေ အကန့်အသတ်မရှိ ခွင့်ပြုပေးရန်ရှိကြောင်းလည်း ခိုင်မာသည့် သတင်းအရင်းအမြစ်အရ သိရသည်။

Regulation

Author