Toyota မှ အသစ်စက်စက် VIOS အား မိတ်ဆက်ပြသခဲ့ပြီး ချိုသာသော နှုန်းထားဖြစ်သည့် USD 17700 မှ စ၍ ဝယ်ယူနိုင်ပြီ

0

Full article

Toyota မှ အသစ်စက်စက် VIOS အား စတင်မိတ်ဆက်သည့်အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က Toyota ကားများကို တရားဝင် တင်သွင်းဖြန့်ချီခွင့် ရရှိထားသော Car Showroom တစ်ခုဖြစ်သည့် Toyota Aye and Sons တွင် ပြုလုပ်ကျင်းပသွားခဲ့သည်။

အဆိုပါ All Brand New ကားဖြစ်သော VIOS သည် မြင့်မားသည့်အရေအသွေး လုပ်ဆောင်နိုင်စွမ်းဆိုင်ရာ အံ့သြဖွယ် အတွေ့အကြုံများ ရရှိစေနိုင်လိမ့်မည်ဖြစ်ကြောင်း T oyota Myanmar မှ အခိုင်အမာ အာမခံခဲ့သည်။

အသစ်စက်စက် VIOS အား စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ကျစ်လစ်သိပ်သည်းသည့် နောက်ဆုံးပေါ် Sedan အဖြစ် ထုတ်လုပ်ထားပြီး ၎င်းအားအဓိက စွမ်းရည် ၄ မျိုးအပေါ် မူတည်၍ မွမ်းမံပြုလုပ်ထားကြောင်းသိရသည်။၎င်းတို့မှာ ထိပ်တန်းခေတ်ပေါ်ဒီဇိုင်း၊ အထက်တန်းကျသော ကားအတွင်းဘက်၊ သက်တောင့် သက်သာ ရှိမှုနှင့် ဆန်းသစ်မွမ်းမံမှု၊ ပြိုင်ဘက်ကင်း စီးနင်းနိုင်ခြင်း အတွေ့အကြုံနှင့်အတူ အဆင့်မြင့် စွမ်းဆောင်ရည်နှင့် အဆင့်မြင့်ဘေးကင်းလုံခြုံရေး အင်္ဂါရပ်များဖြစ်ကြသည်။ ၎င်း VIOS မှာ မြန်မာနိုင်ငံ၏ လမ်းစနစ်နှ်င့်ကိုက်ညီသော ဘယ်မောင်းစနစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး 1.3 liter Gasoline Engine ကို အသုံးပြုထားခြင်းကြောင့် ဆီစားနှုန်း ချိုသာပြီး ဓာတ်ငွေ့ထုတ်လုပ်မှုကိုလည်း နည်းပါးအောင်ပြုလုပ်ထား၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုလည်း နည်းပါးစေနိုင်ကြောင်း သိရသည်။

ထို့ပြင် Transmission စနစ်ကိုလည်း ချောမွေ့ပြီး စွမ်းရည်ပြည့်ဝသော အဆက်မပြတ် ပြောင်းလဲနိုင်သည့် CVT Gear စနစ်ဖြင့် ထုတ်လုပ်ထားသည်။ လုံခြုံရေးစနစ်တွင် Air Bags နှစ်လုံးပါဝင်ပြီး ABS, EBD နှင့် BA စနစ်ကဲ့သို့သော အဆင့်မြင့် နည်းပညာများကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ ထို့ပြင် Spare Parts များကိုလည်း တရားဝင် အရောင်းပြခန်းများတွင် အလွယ်တကူ ဝင်ယူနိုင်ပြီး After Sale Service ကိုလည်း အကောင်းဆုံးလုပ်ဆောင်ပေးမည်ဟုလည်း သိရသည်။ အာမခံအနေဖြင့် ၃ နှစ် သို့မဟုတ် ကီလို တစ်သိန်း ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ VIOS ကို exterior colors ကိုးရောင် interior colors နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ပြီး ဈေးနှုန်းမှာ USD 17700 မှစတင်ကြောင်းလည်းသိရသည်။ ထို့ပြင် Grade ခွဲ နှစ်မျိုးရှိပြီး J Grade နှင့် G Grade တို့ဖြစ်ကြသည်။ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကာ AYA Bank နှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ပြီး Down Payment ၃ဝရာခိုင်နှုန်းဖြစ်သော USD 5310 စတင်၍ ပေးသွင်းရမည်ဖြစ်ပြီး ထို့နောက် လစဉ် USD 242 မှစတင်၍ နည်းပါးသော လစဉ်ကြေးကို ငါးနှစ်ပေးသွင်းကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို အသစ်စက်စက် VIOS အတွက် ဘိုကင်ပြုလုပ်ခြင်းများအား Toyota တရားဝင်အရောင်း ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် Toyota Aye and Sons နှင့် Toyota Mingalar တို့ထံ ယနေ့မှ စတင်၍ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် အသစ်စက်စက် VIOS နှင့် ပြည်သူလူထု အကျွမ်းတစ်ဝင် ရှိစေရန်နှင့် ဝယ်ယူနိုင်ရန်အတွက် Toyota မြန်မာမှ လာမည့် Octobar ၁ရက်နေ့နှင့် ၂ရက်နေ့များတွင် မြန်မာပလာဇာတွင် roadshow ကျင်းပပြုလုပ်၍ ပြသနိုင်မည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် ထူးခြားသော အခွင့်အရေးရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author