TOYOTA မှ HILUX REVO နှင့် FORTUNER ကားအသစ် တို့ကို စတင်ဖြန့်ဖြူးရောင်းချ

0

Full article

Toyota သည် ၎င်း၏ Hilux Revo နှင့် Fortuner တို့ကို မြန်မာနိုင်ငံတွင် စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း အောက်တိုဘာ ၂၅ ကထုတ်ပြန်သော ကြေညာချက်အရသိရသည်။ အဆိုပါကားသစ်များသည် ဆီစားသက်သာသော GD တာဗို ဒီဇယ်အင်ဂျင်အသစ်များ တပ်ဆင်ထားခြင်းဖြစ်ပြီး လောင်စာဆီစားနှုန်း ၁၅ ရာခိုင်နှုန်းအထိ ပိုမိုသက်သာစေကာ အမြင့်ဆုံး Torque သည်လည်း ၂၅ ရာခိုင်နှုန်း အထိ တိုးမြင့်နိုင်ကြောင်းသိရသည်။ Hilux Revo အသစ်တွင် ရွေးချယ်ရန် မူကွဲ ၇ မျိုးနှင့် ကားအပြင်ပိုင်းအရောင် ၈ မျိုးအထိရှိပြီး Single Cab၊ Extra Cab နှင့် Double Cab ဟူ၍ ကိုယ်ထည်အမျိုးအစား ၃ မျိုးရှိကာ ဈေးနှုန်းမှာတော့ USD 19,000 မှ USD 47,100 အတွင်း ဖြစ်သည်ဟု သိရသည်။

Fortuner အသစ်သည်လည်း ရွေးချယ်စရာအဖြစ် ကားအပြင်ပိုင်းအရောင် ၈ ရောင်၊ ကားအတွင်းပိုင်းအရောင် ၂ ရောင်ရှိပြီး ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ USD63,800 ဖြစ်သည်ဟု သိရသည်။
Hilux Revo နှင့် Fortuner ကားအသစ် တို့အား တရားဝင်ခွင့်ပြုထားသည့် Toyota အရောင်းကိုယ်စား လှယ်ဆိုင်များ အားလုံးတွင် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ ကြိုတင်မှာ ယူနိုင်မည်ဖြစ်သည် ဟု သိရသည်။
Hilux Revo သည် Myanmar Car Of The Year (MCOTY) Awards 2017 ၏ ပထမအကြိမ် ထုတ်ပြန်မှုအတွင်း "The Car Of The Year (People's Choice)" ဆုကို ဆွတ်ခူးရရှိခဲ့သည်။

Author