ရန်ကုန်မြို့ ခရီးသည်တင်ယာဉ်ဟောင်းများကို ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ပေးရန်ရှိ

0

Full article

ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် ပြေးဆွဲမောင်းနှင်နေလျက်ရှိသည့် ခရီးသည်တင် အိုဟောင်းပျက်စီးနေသည့် ကားများကို ကားသစ်များဖြင့် အစားထိုး လဲလှယ်ပေးသွားရန်ရှိကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ သိရသည်။အဆိုပါ ခရီးသည်တင်ကားအဟောင်းများကိုလည်း နယ်မြို့များတွင်ရောင်းချရန် ခွင့်ပြုထားကြောင်းသိရသည်။ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် သက်တောင့်သက်သာ စီးနင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

ခရီးသည်တင်ကားတွေက ဟောင်းနေတာတွေရှိနေတဲ့အတွက် ကားသစ်တွေနဲ့ အစားထိုးသွားဖို့ရှိပါတယ်။ ကားအဟောင်းတွေကို နယ်မြို့တွေမှာ အသုံးပြုနိုင်အောင် ရောင်းချခွင့်ပေးထားပါတယ် ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကို ဇူလိုင်လတွင် စတင်ဖွဲ့စည်းပြီး မထသ အဖွဲ့ကိုလည်း ယခုလအတွင်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author