Full article

Hyundai Motor Myanmar Showroom သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက် Hyundai Motor Company ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး အဆင့်မြင့် Brand New Hyundai အိမ်စီးကားများကို တင်သွင်းရောင်းချလျက်ရှိပါသည်။ Hyundai Showroom ၏ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Brand New Hyundai ကားမော်ဒယ်လ် (၂) မျိုးအား စမ်းသပ်မောင်းနှင်နိုင်မည့် Test Drive အစီအစဉ်ကို ဒီဇင်ဘာလမှစတင်၍ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Test-Drive-1-500x234

Test Drive အစီအစဉ်တွင် စမ်းသပ်မောင်းနှင်နိုင်မည့် ကားအမျိုးအစားများမှာ Brand New Hyundai Elantra (Saloon) နှင့် i-30 (Hatchback) တို့ဖြစ်ပါသည်။ Elantra နှင့် i-30 သည် အင်ဂျင်ပါဝါ ၁.၆ စီစီရှိ အော်တိုဂီယာ ၅ ချက်ထိုး ဓါတ်ဆီကားအမျိုးအစားများဖြစ်ကြသည်။ အဆိုပါ ကား (၂) မျိုးစလုံးသည် နိုင်ငံတကာတွင် အောင်မြင်မှု ရယူထားနိုင်သည့် ကားများဖြစ်ပြီး Elantra ဆိုလျှင် ကမ္ဘာ့သမိုင်းတစ်လျှောက်စီးရေ (၁ဝ) သန်းကျော်စံချိန်တင် ရောင်းချထားရသည့် ကားအမျိုးအစား (၁ဝ) မျိုးသာ ရှိသည့်အနက် တစ်စီးအပါအဝင်ဖြစ်ပါသည်။ i-30 မှာလည်း Australia နိုင်ငံ၏ အကောင်းဆုံးကားဆု၊ Turkey နိုင်ငံ၏ တစ်နှစ်တာကားဆု အစရှိသည့် ဆုအများအပြားကိုရယူထားနိုင်သောကားအမျိုးအစားဖြစ်ပါသည်။

Hyundai Motor Myanmar Showroom တွင် Test Drive အစီအစဉ်အား ဒီဇင်ဘာလမှစတင်၍ ပိတ်ရက်မရှိ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ယာဉ်မောင်းလိုင်စင်ရှိသော မည်သူမဆို Showroom သို့ လာရောက်စမ်းသပ်မောင်းနှင်နိုင်ပါသည်။

Brand New Hyundai Elantra နှင့် Hyundai i-30 တို့အား စမ်းသပ်မောင်းနှင်လိုသူများအနေဖြင့် စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ပြီး www.facebook.com/hyundaimm သို့ဖြစ်စေ၊ info@hyundaimm.com သို့ဖြစ်စေ၊ Test Drive Hotline ဖုန်းနံပါတ် 09 252 18 3113 သို့ဖြစ်စေ ကြိုတင်စာရင်းသွင်းနိုင်ပြီဖြစ်ပါသည်။ အသေးစိတ်ကို Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း ဝ၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင် ပါသည်။

Author