ရန်ကုန် လိုင်စင်ဖြင့် ကားတင်သွင်းပါက Brand New ကားသစ်များကိုသာခွင့်ပြုလာနိုင်

0

Full article

ရန်ကုန် လိုင်စင်ဖြင့် ကားတင်သွင်းမှု ရပ်ထားပြီး ပြန်လည် ခွင့်ပြုမည်ဆိုပါက Brand New ကားသစ်များကိုသာ ခွင့်ပြုလာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူ အချို့ကဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုရပ်ဆိုင်းထားသည်မှာ ၄လ နီးပါးကြာမြင့်နေသော်လည်း အစိုးရအဖွဲ့ကြေငြာချက်မှာ ဘာမှ မထူးခြားသေးကြောင်းသိရသည်။

ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းမှုက အခုထိ ဘာမှမထူးသေးဘူး။ Brand New ကားသစ်တွေကိုပဲ ခွင့်ပြုပေးမယ်လို့ အသံတွေထွက်နေတယ်။ တရားဝင်ကြေငြာချက်မထုတ်ပြန်တော့ ကားဝယ်ရောင်းပြုလုပ်သူတွေအကုန်လုံးစဉ်းစားရကြပ်လာပြီ။ တစ်ကယ်လို့ ကားသစ်ကိုပဲတင်သွင်းခွင့်ပေးမယ်ဆိုရင်ကောင်းပေမယ့် နိုင်ငံက အများကြီးလိုသေးတယ်။ တဖြည်းဖြည်းသွားလို့ပဲရမှာ။ ဟုကားလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းရာတွင် ၅တန်နှင့်အထက် လုပ်ငန်းသုံးယာဉ်များကို သာတင်သွင်းခွင့်ပြုထားပြီး တိကျသည့်ကြေငြာချက်ကို အမြန်ဆုံးထုတ်ပြန်ပေးရန်လိုကြောင်းသိရသည်။

ခေတ်သစ်

Author