Full article

Brand New ကား အရောင်းပြခန်းအများစုမှာ အစိုး ရကတင်သွင်းရောင်းချရန်သတ် မှတ်ပေးထားသည့် အစီးရေပင် ပြည့်မီအောင်မတင်သွင်းနိုင်သေး ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အရောင်းပြခန်းတစ်ခုလျှင် အစီးရေ ၃ဝဝ အထိ တင်သွင်းရန် ခွင့်ပြုထားသော်လည်း အဆို ပါ အရေအတွက်ကို ပြည့်မီ အောင် မတင်သွင်းနိုင်ခြင်း ဖြစ် သည်။

လက်ရှိတွင် ရန်ကုန်မြို့၌လာ ရောက်ရင်းနှီးမြှုပ်နှံဖွင့်လှစ်ထား သည့် နိုင်ငံခြားကားကုမ္ပဏီ ၁၃ ခုရှိသော်လည်း အစီးရေ ၁၆ဝဝ ကျော်သာတင်သွင်းထားကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင် ရာကြီးကြပ်မှုကော်မတီ၏ စာရင်း များမှသိရသည်။

အရောင်းပြခန်းတစ်ခုလျှင် အစီးရေ ၃ဝဝ တင်သွင်းပါက အရောင်းပြခန်း ၁၃ ခုဆိုလျှင် အစီးရေ ၃၉ဝဝ နီးပါး ရှိရမည် ဖြစ်သော်လည်း ယခုနှစ်ဝက်တွင်၁,၆ဝဝ စီးကျော်သာ တင်သွင်းထားသည်။

''အရောင်းပြခန်း တစ်ခုကို အစီး ၃ဝဝ တင်သွင်းခွင့်ပေးထား ပေမယ့် အခုချိန်မှာ အများကြီး မသွင်းနိုင်သေးပါဘူး။ အစီးရေ နည်းပါသေးတယ်။ ရှေ့နှစ်မှာ တော့ ဈေးကွက်အခြေအနေကို ကြည့်ပြီး အစီးရေတွေထပ်တိုး တင်သွင်းဖို့ရှိပါတယ်''ဟု တိုယို တာကားအရောင်းပြခန်းမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်သြဂုတ်ကလည်း အမေရိကန်မှ နာမည်ကြီးဖို့ဒ်ကား ကုမ္ပဏီက ရန်ကုန်အရောင်းပြ ခန်းတွင် အစီးရေ ၂ဝဝ ကျော်သာ ရောင်းချရကြောင်း သတင်းထုတ် ပြန်ထားသည်။

''ကားတွေသွင်းထားတာ အများကြီး။ ရှိတာပဲကုန်အောင် ရောင်းရဦးမယ်''ဟု Brand New ကားအရောင်းပြခန်းတစ်ခုဖြစ် သည့် ဒေါင်ဖန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦးအောင်ဝင်းက ပြော ကြားသည်။

Brand New ကားဈေး ကွက်သည် တစ်ပတ်ရစ်ကားဈေး ကွက်ကို မမီနိုင်သေးသော်လည်း Brand New ကားများ ဝယ်ယူ ပါက ဆားဗစ်ရခြင်း၊ အာမခံချက်ပေးခြင်းတို့ကြောင့် နောက်ပိုင်း တွင် မြန်မာပြည် ဈေးကွက်၌Brand New ကားဈေးကွက်က ဦးဆောင်လာနိုင်ကြောင်းအော်တိုကားအရောင်းပြခန်းမှ အရောင်း မန်နေဂျာတစ်ဦးကသုံးသပ်သည်။

ရန်ကုန်တွင် အမေရိကန် နိုင်ငံမှ နာမည်ကြီးချက်ဗလက်ဖို့ဒ်၊ဂျာမဏီနိုင်ငံမှ မာစီဒီးဘင့်ဇ်၊လန် ရိုဗာ၊ ဂျာဂွာ၊ ဂျပန်နိုင်ငံမှ မာဇဒါ၊ နစ်ဆန်း၊ တိုယိုတာ၊ ကိုရီးယား နိုင်ငံမှ ဟွန်ဒိုင်း၊ ကေအိုင်အေအစရှိသော ကမ္ဘာကျော်ကားကုမ္ပဏီ များက ရန်ကုန်တွင် အရောင်းပြ ခန်းများ လာရောက်ဖွင့်လှစ်ပြီး ဖြစ်သည်။

ထပ်မံ၍ ဘီအမ်ဒဗလျူ၊ ဟီးနိုး၊ မစ်ဆူဘီရှီ၊ ဘောက်စ်ဝက်ဂွန်စသော ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်ရန် ပြင်ဆင် နေပြီဖြစ်သည်။

7day daily Issue No.

No.505 Thursday, September 18, 2014မှတိုက်ရိုက်ကူးယူဖော်ပြပါသည်

Author