၂ဝ၁၅ မိုဒယ်များကို Brand New သွင်းခွင့်ပြုမည်ဖြစ်သော်လည်း ၂ဝ၁၆ မိုဒယ်ကားများကို Recondition ဖြစ်မှသာ တင်သွင်းခွင့်ပေးမည်

0

Full article

ကားအရောင်းပြခန်းမဟုတ်သည့် အခြားကားတင်သွင်းမှူများမှ ၂ဝ၁၅ မိုဒယ်များကို Brand New သွင်းခွင့်ပြုမည်ဖြစ်သော်လည်း ၂ဝ၁၆ မိုဒယ်ကားများကို Recon သာ တင်သွင်းခွင့်ပေးမည်ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနတွင် လုပ်ကိုင်နေတဲ့ အေးဂျင့်များကနေ သိရပါသည်။ကားအရောင်းပြခန်းများကို Brand New ကားများကိုသာတင်သွင်းခွင့်ပြုပေးနေပြီး အခြားကားတင်သွင်သူများကနေ ၂ဝ၁၆ မိုဒယ်ကို Brand New ကားများအဖြစ်လျှောက်ထားလာ၍ ထိုကဲ့သို့ ခွင့်မပြုပေးတော့တာ ဖြစ်တယ်လို့ သိရပါသည်။ "၂ဝ၁၅ မိုဒယ်ကို Brand New ပေးထားတယ်။ ၂ဝ၁၆ မိုဒယ်ကို Recondition ကားတွေကိုပဲ ပေးသွင်းတယ်လို့ ပြောတယ်။ ကားသွင်းတဲ့ သူတွေသိအောင်ရုံးမိန့်ထုတ်ထာသင့်တယ်။ ဘာအမိန့်မှ မထုတ်ထားတော့ တင်သွင်းလာရင် မရတော့ဘူးဖြစ်နေတယ်။ အကောက်ခွန်က ညွန်ကြားချက်တစ်ခုပြောင်းမယ်ဆိုရင် ကားသွင်းတဲ့သူတွေသိအောင် တရားဝင်းစာကပ်ထားဖို့လိုတယ်။" ဟု အကောက်ခွန်ဦးစီးဌာနတွင် ကားတင်သွင်းရတဲ့ လုပ်ငန်းများ လုပ်နေတဲ့အေးဂျင့်တွေကပြောပါတယ်။ အကောက်ခွန်ဥပဒေ ပြောင်းလဲလိုက်၍ ကားတင်သွင်းမှူမှာလည်း နည်းပါးလာပြီး မကြာခဏ ထုတ်ပြန်နေတဲ့ ကန့်သတ်ချက်အမိန့်များ ကြောင့် ကားတင်သွင်းသူများ သေချာ စုံစမ်းမေးမြန်းပြီးမှ ကားတင်သွင်းတာကို ပြုလုပ်နေရတယ်လို့ လည်း အကောက်ခွန်ဦးစီးဌာန နှင့် နီးစပ်နေသူများကပြောကြသည်။ လာမယ့်နှစ်တွင် ပြည်ပမှ ကားတင်သွင်းမှူကို ကန့်သတ်၍ မိုဒယ်မြင့်ကားများသာ တင်သွင်းခွင့်ပြုရမည်ဆိုလျှင် လူစီးကားများဖြစ်သော luxury ကားများကို ကညန အခွန်နှူန်းထားများ အပါအဝင် အကောက်ခွန်ဦးစီးဌာန မှသတ်မှတ်သည့် ဆိပ်ကမ်းရောက်တန်ဖိုး( Course insurance fright) CIF တန်ဖိုးများကိုလည်း လျှော့ချဆောင်ရွက်ပေးသင့်ကြောင်း ကားတင်သွင်းသူများက လိုအပ်နေကြသည်။

ခေတ်သစ်

Author