
ကားအရောင်းပြခန်းများမှ Brand New ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပုံစံ(ဃ)စလစ်အသုံးပြု၍ ရန်ကုန်လိုင်စင် ဖြင့် ဝယ်ယူခွင့် ပါမစ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားရှိပါတယ်။ ကားအရောင်းပြခန်းများမှ Brand New ကားများဝယ်ယူရာတွင် ကားဝယ်ယူသူမှ ပုံစံ(ဃ)ယာဉ်အိုယာဉ်ဟောင်းစလစ်အသုံးပြုပြီး ဝယ်ယူခွင့်ပါမစ်လျှောက်ရာတွင် အရောင်းပြခန်းမှ ပုံစံ(ဃ)စလစ်ဖြင့်မော်တော်ယာဉ်ဝယ်ယူခြင်းဟု ပါမစ်တွင်လျှောက်ထားလျှင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်လိုင်စင်ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီး free permit ဖြင့်တင်သွင်းနေသော ကားများနှင့် အခြား မိုဒယ်များကိုလည်း ရန်ကုန်လိုင်စင်ခွင့်ပြုပေးသင့်တယ်လို့ ကားဝယ်ရောင်းပြုလုပ်နေသူအများစုကပြောကြပါတယ်။
ခေတ်သစ်
Photo Credit