နယ်စပ်တရားမဝင်ဂိတ်များမှ ကားတင်သွင်းခြင်းကို ထိန်းချူပ် စစ်ဆေးမည်

0

Full article

နယ်စပ်ဒေသများကနေ တရားမဝင်ဂိတ်များမှတစ်ဆင့် ကားတင်သွင်းခြင်းကို နိုဝင်ဘာလမှ စတင်၍ တရားဝင်တံတားများပေါ်ကသာ တင်သွင်းခွင့်ပေးမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါသည်။ နယ်စပ်ဒေသများ ကနေ ကုမ္ပဏီလိုင်စင်ဖြင့် လိုင်စင်မဲ့ကားများ တင်သွင်းမှုကို အတိအကျ ထိန်းချုပ်ရန် လိုအပ်ပြီး စစ်ဆေးအရေးယူမှူကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်တယ်လို့ ကားတင်သွင်းသူများကပြောပါတယ်။"အဓိက ကတော့ လိုင်စင်မဲ့ကားတွေ နယ်စပ်မှ ဝင်ရောက်နေမှုကို

ထိထိရောက်ရောက် ထိန်းချူပ်ဖို့ လိုတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက လည်း တင်သွင်းတာမျိူးမရှိမှရမယ်။ ပြီးမှ ဒီထဲရောက်နေတဲ့ without ကားတွေကို ရှင်းထုတ်ရမှာ။ လိုင်စင်မဲ့ကားတွေ လွယ်လွယ်သွင်းလို့ရနေရင် ဈေးကြီးပေးပြီး ဘယ်သူမှ ကားဝယ်မစီးတော့ဘူး။"ဟု ကားတင်သွင်းနေသူ ကို ဖိုးချိူက ပြောပါတယ်။ နယ်စပ်ဒေသကနေ ကားတင်သွင်းတာကို တရားဝင် တံတားပေါ်မှ ဖြတ်သန်းခွင့်ပေးမှာ ဖြစ်၍ အဖွဲ့ သုံး ဖွဲ့ ဖြင့် စစ်ဆေးသွားမှာ ဖြစ်ကာ တစ်ဖက်နိုင်ငံမှလည်း တင်သွင်းခြင်းကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ "နယ်စပ်က ကားသွင်းတာကို တရားဝင်တံတားပေါ်ကနေဘဲ ပေးဖြတ်တော့မှာပါ။ တံတားပေါ်မှာ စစ်ဆေးတဲ့အဖွဲ့တွေ ထားရှိသွားမှာဖြစ်တယ်။ နယ်စပ်ဝင်ပေါ်က်က တရားမဝင်တင်သွင်းနေတဲ့ ကားတွေကို ထိန်းချူပ်တာပါ"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကုမ္မဏီလိုင်စင်ဖြင့်လုပ်ငန်းသုံးမော်တော်ယာဉ်အချို့ တင်သွင်းမှုကန့်သတ်ထားရာ ကုမ္ပဏီ လိုက်စင်တစ်နှစ်ရှိမှ တစ်လ တစ်စီးနှူန်းသာ ပင်လယ်ရေကြောင်းမှ တင်သွင်းမှုများအပြင် နယ်စပ်မှ တင်သွင်းမှုများပါ အကြုံးဝင်ကြောင်းသိရသည်။ နယ်စပ်ဒေသတွေကနေ မော်တော်ယာဉ်များတင်သွင်းရာတွင် လုပ်ငန်းသုံးကားအမျိူးအစားများဖြစ်တဲ့ Deliver Van, မီနီထရပ်၊လိုက်ထရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ယန္တရားများ၊နှင့် စီးတီးဘတ်(စ်)များသာ တင်သွင်းခွင့်ပေးနေကြောင်း သိရသည်

ခေတ်သစ်

Author