တရုတ်နိုင်ငံထုတ် လူစီးကားများ country origin ဖြစ်ပါက မူဆယ် နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြု

0

Full article

နယ်စပ်မှမော်တော်ယာဉ်တင်သွင်းခြင်းကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးယာဉ်များ၊ လူစီးမော်တော်ယာဉ်များ country origin ဖြစ်ပါက မူဆယ်နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ (၃/၂ဝ၁၈)အစည်းအဝေး ဆုံးဖြတ် ချက်အရသိရသည်။

ထိုကဲ့သို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးယာဉ်များ၊ လူစီးမော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရာတွင် ၂ဝ၁၈ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒအရ တင်သွင်းရမည်ဖြစ်ပြီး brand new မော်တော်ယာဉ်များအတွက် country origin အထောက်အထားနှင့် မော်တော်ယာဉ်တင်ပို့ခွင့်ပြုမည့် တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ export certificate ကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

"မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးယာဉ် လူစီးကားတွေကို တင်သွင်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် country origin ဖြစ်ရမယ်။ တရုတ်နိုင်ငံက ထုတ်တဲ့ကားမှန်ကန်ကြောင်း export certificate ပါရမယ်။ တရားဝင်တံတားပေါ်ကနေဘဲ တင်သွင်းရမှာပါ။ နောက်ပိုင်းမှာ နယ်စပ်တွေက ကားတင်သွင်းတာကို CO ဖြစ်တဲ့ကားတွေပဲ တင်သွင်းခွင့်ပေးသွားမယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော နာမည်ကြီး brand new အမျိုးအစားပေါင်းများစွာရှိပြီး နယ်စပ်ဝင်ပေါက်ကနေ တရားမဝင်ကားများတင်သွင်းမှုကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
Regulation

Author