နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တရားမဝင် တင်သွင်းမှုများကို ထိန်းချုပ်ရန် မလုပ်သ၍ ဆိပ်ကမ်းက တင်သွင်းသူများ ထိခိုက်လာနိုင်

0

Full article

နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများနှင့် မမှန်မကန်ကားတင်သွင်းမှုများကို ထိန်းချုပ်ရန် မလုပ်သ၍ ဆိပ်ကမ်းများက ကားသင်္ဘောများနှင့် တင်သွင်းနေသည့်သူများ ထိခိုက်လာနိုင်ကြောင်း ပြည်ပနိုင်ငံမှ ကားတင်သွင်းသူများက ဆိုသည်။

" အဓိက မြဝတီနယ်စပ်က လိုင်စင်မဲ့ကား ဝင်ရောက်တာတွေများတယ်။ မမှန်မကန်ကားသွင်းတာကလည်း အဲ့ဒီ နယ်စပ်က အရမ်းလွယ်နေတယ်။ ဒါတွေကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးသ၍ ဆိပ်ကမ်းက ကားသွင်းတဲ့သူတွေကို သတ်နေသလိုပဲ။ နယ်စပ်ကတင်သွင်းလာတဲ့ကားက ပြသနာတစ်ခုတက်တာတို့၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတာတို့ဆိုရင် ပြန်မောင်းသွားလို့ရတယ်။ နောက်ဆုံး without ကားလုပ်လိုက်လို့ရတယ်။ အားသာချက်တွေ အများကြီးရှိလို့ နယ်စပ်ကားသွင်းတာ ထိန်းချူပ်ဖို့လိုတယ်။"ဟု ပြည်ပနိုင်ငံက ဆိပ်ကမ်းကတစ်ဆင့် ကားမှာယူတင်သွင်းနေသူ ဦးကျော်စိုးအောင် က ပြောကြားသည်။

မြဝတီနယ်စပ်က လိုင်စင်မဲ့ without ကားတက်သွင်းနေမှုမှာ တစ်ရက်ကို ကားအစီး ၁၅ဝ နီးပါးရှိပြီး ထိုင်းအကောက်ခွန်ကလည်း မြဝတီနယ်စပ်က ကားတင်သွင်းခြင်းကို ယခင်လို ဂိုဒေါ်င်များတွင် ထားခွင့်မပေးတော့ဘဲ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်သို့ တိုက်ရိုက်တင်သွင်းရန် သတ်မှတ်ထားရာ စက်လှေများဖြင့် တင်သွင်းမှုများရှိနေကြောင်း သိရသည်။

Author