Full article

ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် အသိအမှတ်ပြုခံထားရသော အပြေးသမား Usain Bolt နှင့် Nissan ကားကုမ္ဗဏီတို့ ပူးပေါင်း၍ ထုတ်လုပ်ထားသော ၂ဝ၁၃ ခုနှစ်ထုတ် ရွှေရောင် GT-R ကားအား online auction တစ်ခုပြုလုပ်သွားမည်ဟု သိရသည်။ အထူးသီးသန့် ထုတ်လုပ်မည့် Bolt Gold ဟုခေါ်ကြသော GT-R ကားအား eBay တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ လေလံတင်ရောင်းချသွားမည်ဖြစ်သည်။

ထိုကားအား ဈေးအများဆုံးပေးဝယ်ယူမည့်သူ၏ နေထိုင်သောနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းဥပဒေများအတိုင်း ပြုပြင်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး Nissan ကုပ္မဏီအနေဖြင့် ၂ဝ၁၃ခုနှစ် မတ်လတွင် လေလံအနိုင်ရသူအား ပေးအပ်သွားနိုင်ရန် စီစဉ်ထားသည်။

Usain-Bolt-special-gold-Nissan-GTR-500x280

ထိုကားကို eBay Motors တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့သော် လေလံဝင်ရောက်ဆွဲလိုသူများအနေဖြင့် Nissan GT-R ကားများ တရားဝင်ရောင်းချပေးသော နိုင်ငံတွင် နေထိုင်သူများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။

usain-bolt-nissan-gtr-500x333

001-nissan-gtr-usain-bolt-500x333

ထိုလေလံတင်ရောင်းချမှုမှ ရရှိလာမည့် ပိုက်ဆံအားလုံးအား အပြေးချန်ပီယံ Usain Bolt တည်ထောင်ထားသော Jamaica နိုင်ငံရှိ ကလေးများနှင့် ငယ်ရွယ်သူများ၏ ပညာရေးနှင့် ယဉ်ကျေးမှု ထောက်ပံ့ရေးဖောင်ဒေးရှင်းဖြစ်သည့် Usain Bolt Foundation သို့လှူဒါန်းသွားမည်ဖြစ်သည်။

Author