အလုံးချိန်း body coach ပြောင်းလဲယာဉ်များ စိစစ်တွေ့ရှိပါက ယာဉ်မှတ်ပုံဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းမည်

0

Full article

မော်တော်ယာဉ်များ မူလရုပ်ပုံစံအား ပြောင်းလဲ၍ ယာဉ်အစိတ်အပိုင်း မမှန်မကန်ဘဲ ပြောင်းလဲကာ အခွံချိန်းအလုံးချိန်းခြင်း၊ body coach ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အသိပေးကြေငြာချက်ထုတ်ပြန်ထားရှိသည်။

"ယာဉ်တွေမူလရုပ်ကို ပြောင်းလဲတာတို့ ၊ body coach ပြောင်းလဲတာတို့ကို ခွင့်မပြုပါဘူး။ ကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းမယ်။ မှတ်ပုံတင်ဖျက်သိမ်းပြီး ကားကိုသိမ်းမယ်။ လိုင်စင်မဲ့ယာဉ် သတ်မှတ်မယ်။ ပြီးရင် ရဲစခန်းကိုအပ်သွားမယ်။ ပုဂ္ဂလိက ပိုင်သတ်မှတ်သွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

မော်တော်ယာဉ်များ ဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်ယာဉ်အား သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်မှန်၊ မမှန် စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်းအသိပေးကြေငြာထားရှိသည်။

Law Enforcement
Breaking News

Author