ဖောက်စွပ်ကားများ အခွန်သတ်မှတ်၍ ယာဉ်မှတ်ပုံတင်ခွင်ပေးနိုင် မပေးနိုင် ပို့ဆာင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှဆုံးဖြတ်မည်

0

Full article

၂ဝ၁၇ ခုနှစ်မှစ၍ RTA ထုမပေးတော့သည့်နောက်ပိုင်းတွင် အခွံချိန်းအလုံးချိန်း ဖောက်စွပ်ကားများ မသိနားမလည်၍ လက်ဝယ်တွင်ပိုင်ဆိုင်ထားသူ ယာဉ်ပိုင်ရှင်များ ကားရောင်းဝယ်သူများနစ်နာနေ၍ အခွန်တစ်ခုဖြင့် ယာဉ်မှတ်ပုံတင်ခွင့်ပြု ပေးနိုင်မပေးနိုင်ကို ပို့ဆာင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနက သိရပါသည်။

မော်တော်ယာဉ်များတွင်ဖောက်စွပ်၊အခွံချိန်း၊အလုံးအချိန်းကားများ ကိုလိုင်စင်မဲ့ယာဉ်အဖြစ်မသတ်မှတ်ဘဲ အခွန်ဖြင့် မှတ်ပုံတင်ခွင့်ပြုရန် နစ်နာပြည်သူများကိုယ်စား မော်တော်ကားရောင်းဝယ်ရေးအသင်း ရန်ကုန် နှင့် မန္တလေး တို့မှ ပြည်သူ့လွတ်တော်ပို့ဆောင်ရေးဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီထံတင်ပြတောင်းဆိုထားခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာန က ပြန်လည်စဉ်းစားဆုံးဖြတ်ပေးသွားမှာ ဖြစ်ကြောင်းသိရပါသည်။

"ဖောက်စွပ်ကားတွေကို မှတ်ပုံတင်ပေးမပေးဆိုတာက ဝန်ကြီးဌာနက ဆုံးဖြတ်ပေးမှာပါ။ ကညနကလည်း ဒီကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်ခွင့်ပေးဖို့တင်ပြထားပါတယ်။ ဝန်ကြီးဌာနက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးအစည်းအဝေး ဆုံးဖြတ်ချက်အရ Body Coach ပြောင်းယာဉ်(၂၁၃)စီးကို မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသော ယာဉ်စီးရေမှာ (၅ဝဝ)စီးမှ (၆ဝဝ)စီးခန့်အထိ ရှိနိုင်ပြီး ယာဉ်အစိတ်အပိုင်းမမှန်မကန် အခွံချိန်း အလုံးချိန်း Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်းသွားမည် ဖြစ်ရာ ကညနတွင် တရားဝင်မှတ်ပုံတင်ထားသော တစ်နိုင်ငံလုံးရှိ ယာဉ်စီးရေမှာ (မော်တော်ယာဉ်စီးရေ (၁)သန်းနီးပါးခန့်အပါအဝင်) (၆.၉)သန်းကျော်ရှိကြောင်းသိရပါသည်။

Author