အခွံချိန်းအလုံးချိန်း၊ body coach ပြောင်းလဲကားများ သံရည်ကြို အပ်ခွင့်ပေးရန်ကညနတင်ပြမှု ဝန်ကြီးရုံးမှ ဥပဒေအတိုင်းဆက်လုပ်ရန် ညွန် ကြား

0

Full article

ယာဉ်အစိတ်အပိုင်း မမှန်မကန်ဘဲ ပြောင်းလဲထားသောအခွံချိန်းအလုံးချိန်း၊ body coach ပြောင်းလဲထားသောကားများ သံရည်ကျို အပ်ခွင့်ပေးရန်ကညနတင်ပြမှုကိုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနမှ ဥပဒေအတိုင်းဆက်လုပ်ရန် ညွန်ကြားထားရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။

ယာဉ်အစိတ်အပိုင်းများကို body coach RTA ထုပြီး နိုင်ငံတော်အခွန်ပေးသွင်းထားသော ကားများအား ယခင်အတိုင်းယာဉ်မှတ်ပုံတင် တင်ခွင့်ဆက်လက်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ၂ဝ၁၇ မတ်လကစပြီး တရားဝင်ကြေငြာချက်ထုတ်ပြန်ပြီးနောက် အခွံချိန်းအလုံးချိန်း၊ body coach ပြောင်းလဲထားသောကားများနှင့်သက်ဆိုင်သည့် အုံနာဘုတ် ၊ဝှီးတက် အစရှိသော ကညနမှထုတ်ပေးထားသည့်စာရွက်စာတမ်းတွေကို သိမ်းဆည်းမည့်အပြင် ပုဒ်မ ၇၄ အရ ယာဉ်မှတ်ပုံတင်ဖျက်သိမ်း၍ သက်ဆိုင်ရာ ကားကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းကာ လိုင်စင်မဲ့ယာဉ်အဖြစ်သတ်မှတ်၍ ရဲစခန်းသို့ အပ်နှံသွားရမည်ဖြစ်ကြောင်းသိရသည်။

" ဖောက်စွပ်အလုံးချိန်းထားတဲ့ ကားတွေကို သံရည်ကြိုအပ်ခွင့်ပေးဖို့ ဝန်ကြီးရုံးတင်ပြတာ ဝန်ကြီးရုံးက လက်မခံဘူး။ ၂ဝ၁၅ ထဲက ဥပဒေအတိုင်းပဲ လုပ်ရမယ်ဆိုပြီးညွန်ကြားတယ်။ ကားနဲ့ရုပ်တူ ယာဉ်တစ်စီးကို (ချယ်စီးဟာကို) လှီးထုတ်ပြီး လုပ်တာ။ surf ကားတွေက body အလုံးလိုက်ပြောင်းတယ်။ အရင်က RTA ရိုက်ပြီးခွင့်ပြုထားတာရှိတယ်။ အဲ့နောက်ပိုင်းမှာ လုပ်တဲ့ကားတွေကို လုံးဝခွင့်မပြုပါဘူး။မှတ်ပုံတင်လည်းဖျက်သိမ်းသွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနောက်ပိုင်း အခွံချိန်းအလုံးချိန်းခြင်း၊ body coach ပြောင်းလဲသောကားများကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသွားမည်ဖြစ်ရာ ထိုကားများကို ဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်ယာဉ်အား သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်မှန်မမှန် စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်းအသိပေးကြေငြာထားရှိသည်။

Law Enforcement

Author