ဖောက်စွပ်ကားများ အခွန်သတ်မှတ်၍ ယာဉ်မှတ်ပုံတင်ခွင့်ပြုလုပ်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကော်မတီထံတင်ပြထားရှိ

0

Full article

၂ဝ၁၇ ခုနှစ်မှစ၍ RTA ထုမပေးတော့သည့်နောက်ပိုင်းတွင် အခွံချိန်း၊ အလုံးချိန်း ဖောက်စွပ်ကားများ မသိနားမလည်၍ လက်ဝယ်တွင်ပိုင်ဆိုင်ထားသူ ယာဉ်ပိုင်ရှင်များမှာ နစ်နာမှုများရှိနေ၍ အခွန်တစ်ခုဖြင့် ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် မော်တော်ကားရောင်းဝယ်ရေးအသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကော်မတီထံတင်ပြထားရှိကြောင်း သိရသည်။

"ဖောက်စွပ်ကားတွေကို RTA ထုပြီးအခွန်နဲ့ပေးခဲ့တာပဲ။ အခုလည်း သင့်တင့်တဲ့အခွန်ယူပြီး မှတ်ပုံတင်လုပ်ပေးသင့်တယ်။ဒါကို ဖောက်စွပ်လုပ်လို့ဖမ်းမယ်ဆိုတော့ ကားလက်ဝယ်ရှိတဲ့သူက အရမ်းနစ်နာပါတယ်။ဒါကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကော်မတီကို တင်ပြတာပါ။ ဖောက်စွပ်ကားတွေကို လိုင်စင်မဲ့ကား အဖြစ်သတ်မှတ်တာအရမ်းနစ်နာပါတယ်။ ဒီကားတွေလိုင်စင်မဲ့ကားဖြစ်မယ့်အတူတူ နိုင်ငံတော်အစိုးရက ထိုက်သင့်သော အခွန်နဲ့ကောက်ပြီး ဒဏ်ကြေးသတ်မှတ်တာမျိုးလုပ်သင့်တယ်။"ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းကပြောပါသည်။

Body coach ဖောက်စွပ် ပြောင်းလဲထားသည့်ကားများကို ၂ဝ၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၁၈) (င) နှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းမိန့်များ ချက်ခြင်းထုတ်ပြန်ဆောင်ရွက်လျက်ရှိရာ ယာဉ်မှတ်ပုံတင် အထောက်အထား များအားလုံး ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် CVR၊ ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထောက်အထား VIS ၊ ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် VIC၊ မော်တော်ယာဉ် မှတ်ပုံတင်နံပါတ်ပြားကိုလည်း ဌာနမှ ချက်ခြင်းသိ်မ်းဆည်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းပြီး ယာဉ်အားရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေငြာထားရှိသည်။

Breaking News

Author