ဘောင်ဖောက်ထည့်ဘောင်ဖြတ်ထည့် သည့်ကားများကို မတ်လ ၁ ရက်မှစ၍ ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးတော့မည်မဟုတ်

0

Full article

ပြည်ပက တင်သွင်းလာသည့်မော်တော်ယာဉ်များကို ချဲလ်စီနံပတ်ပြောင်းလဲခြင်း ဘောင်ဖောက်ထည့်ဘာင်ဖြတ်ထည့်ခြင်းများ ပြုလုပ်ထားသော ကားများကို မတ်လ ၁ ရက်မှစ၍ ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးတော့မှာ မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနကသိရပါတယ်။ မော်တော်ယာဉ်တွင်ပါဝင်သည့်ချဲလ်စီနံပါတ်များကို စီတာမပြည့်တဲ့ ချဲလ်စီဖြစ်ပါက ပြောင်းလဲခြင်း ပြင်ဆင်ခြင်းများပြုလုပ်နေတဲ့အတွက် မတ်လ ၁ ရက်မှစကာ ကနဦးယာဉ်မှတ်ပုံတင်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၁ ရက်ကစပြီးတော့ ဘောင်ဖောက်ထည့်တာတွေ ဘောင်ဖြတ်ထည့်တာတွေကို ယာဉ်မှတ်ပုံတင်ခွင့်မပြုတော့ပါဘူး။အရင်က လုပ်နေတာတွေရှိလာလို့ ကြီးကော်မှာတင်ပြပြီး ယာဉ်မှတ်ပုံတင်တာကို မပေးတာဖြစ်ပါတယ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန ကနဦးယာဉ်မှတ်ပုံတင်ဌာနက သိရပါတယ်။
မော်ဒယ်အနိမ့်ကားများချဲလ်စီနံပါတ်ကို မော်ဒယ်အမြင့်ချဲလ်စီနံပါတ်များဖြင့်ပြောင်းလဲမှူများရှိနေသည့်အတွက် မတ်လ ၁ ရက်မှစကာ မှတ်ပုံတင်ပြုလုပ်ခွင့်မပြုတော့ကြောင်းသိရသည်။ခေတ်သစ်

Author