Full article

ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ BMW ၏ ကားတည်ဆောက်ရေးလုပ်ငန်းများအကြား သယ်ယူပို့ဆောင်ရေးအတွက် တန် ၄ဝ လျှပ်စစ် Truck ကားကြီးများကို စတင်အသုံးပြုတော့မှာဖြစ်ပါတယ်.။

ဒီကားကြီးတွေဟာ ဒတ်ချ်ကားကုမ္ပဏီဖြစ်တဲ့ Teberg မှ ထုတ်လုပ်တာဖြစ်ပြီး မြို့တွင်းမှာ မောင်းနှင်မှာဖြစ်ပါတယ်.။ အားတစ်ကြိမ်သွင်းပြီးတိုင်း ကီလိုမီတာ ၁ဝဝ (၆၂ မိုင်) မောင်းနှင်နိုင်မှာ ဖြစ်တဲ့အတွက် မြို့တွင်းသွားလာရေးအတွက်တော့ အဆင်ပြေစေမှာဖြစ်ပါတယ်.။

ဒီကားတွေကို အားသွင်းရာမှာ renewable resources လို့ခေါ်တဲ့ ပြန်လည်ဖြည့်သွင်းနိုင်တဲ့ အားသွင်းစနစ်တွေနဲ့ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်.။ ကုမ္ပဏီရဲ့ အဆိုအရ ဒီကားဟာ သာမန် ဒီဇယ်လောင်စာသုံး ကားကြီးတွေထက် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်မှုနှုန်း ၁၂ တန်အထိ လျှော့ချနိုင်တယ်လို့လည်း သိရပါတယ်.။

Ref: http://www.popularmechanics.com/

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author