Full article

ယခုနောက်ပိုင်း ကားဝါသနာပါသူများအတွက် အရောင် တောက်တောက်ပြောင်ပြောင်မဟုတ်ပဲ ခပ်မှိန်မှိန်ရှိတဲ့ matte အမျိုးအစား ဆေးမှုတ်ခြင်းများ တော်တော်လေး ခေတ်စားလာခဲ့ပါသည်။ အရောင်တောက်တောက် ကားများကြားတွင် matte ဆေးရောင်နဲ့ ကားများဟာ တစ်မူထူးခြားတဲ့အတွက် လူကြိုက်ပိုများလာခဲ့သည်။

p90096067-highres-copy-500x287

ထို့အတွက်ကြောင့် BMW သည် matte အရောင်ကြိုက်သူများအတွက် သီးသန့် ဆေးထပ်မှုတ်စရာမလိုပဲ စက်ရုံမှ တစ်ခါတည်း matte color နှင့်ကားများကို ထုတ်လုပ်မည်ဖြစ်သည်။ BMW သည်လည်းကောင်းတို့၏ M Performance Editions အဖြစ် M3 နှင့် M5 ကားများကို Frozne Red, Frozen White နှင့် Frozen Blue စသည့် matte အရောင် ၃ မျိုးကို ရောင်းချသွားမည်ဖြစ်သည်။ ကားအရောင်နှင့် လိုက်ဖက်စေရန် alloy ကိုလည်း matte black အရောင်အဖြစ် ပြုလုပ်ထားသည်။

p90095540-highres-copy-500x277

p90095546-highres-copy-500x294

သို့ရာတွင် M3 အမျိုးအစား နှင့် M5 အမျိုးအစား အစီး ၃ဝ စီသာ ထုတ်လုပ်မည်ဖြစ်ပြီး UK တစ်နိုင်ငံတည်းအတွက်သာ သီးသန့်ရောင်းချသွားမည်ဟု သိရသည်။ ထိုအမျိုးအစားများအား လူကြိုက်များပါက BMW အနေနှင့် အမေရိကန်နိုင်ငံအတွက်ပါ ထုတ်လုပ်ရောင်းချသွားနိုင်ချေ ရှိပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် matte အရောင်များမှာ လူသိနည်းသော်လည်း ကြိုက်နှစ်သက်သူ ကားဝါသနာရှင်များ ရှိလိမ့်မည်ဟု ယူဆပါသည်။ အကယ်၍ သင့်အနေဖြင့် matte color ကားများကိုကြိုက်နှစ်သက်ပါက သို့မဟုတ် ပြည်တွင်းတွင် matte color ဖြင့်ကားများ ရှိသည်ဆိုပါက အောက်တွက် မှတ်ချက်လေးများ ဝင်ရောက်ရေးသားပေးနိုင်ပါသည်။

Author