၂၁၊ ဖေဖေါ်ဝါရီ၊ ၂၀၂၀ - BMW Asia နှင့် Prestige Automobiles တို့သည် The new BMW 7 Series ကို ယနေ့ (၂၁၊ ဖေဖေါ်ဝါရီ၊ ၂၀၂၀) တွင် စတင်ကျင်းပလျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲတွင် စတင်မိတ်ဆက်လိုက်သည်။

The new BMW 7 Series တွင် ပါဝင်သော အခြေခံအချက်များအနေဖြင့်
BMW 730Li
- Four-cylinder in-line petrol engine
- BMW TwinPower Turbo technology: TwinScroll turbocharger
- High Precision Direct Injection
- VALVETRONIC fully variable valve control
- Double-VANOS variable camshaft control
- Capacity: 1,998 cc.
- Output: 265 hp at 5,000 – 6,500 rpm
- Torque: 400 Nm at 1,550 – 4,500 rpm
- Acceleration (0 – 100 km/h): 6.3 seconds
- Top speed: 250 km/h
တို့ဖြစ်ကြသည်။

ထို့အပြင် The new BMW 7 Series သည် BMW မှထုတ်လုပ်သည့် Luxury Sedan တစ်စီးဖြစ်သည်နှင့်လျော်ညီစွာ ခေတ်မီနည်းပညာများနှင့်ပြည့်စုံသည့်အပြင် ပုံစံအားဖြင့်လည်း ခန့်ထည်မှုရှိသည်။ Luxury ကားဖြစ်သည်နှင့်အညီ နူးညံ့ပျော့ပြောင်းသော leather များကိုအသုံးပြုထားပြီး ဆူညံသံများကို လျော့ချပေးနိုင်သည့် acoustic glazing တို့ကိုအသုံးပြုထားသည်။ ထို့အပြင် The new BMW 7 Series တွင် The new Reversing Assistant နည်းပညာလည်း ပါဝင်သေးသည်ဟုသိရသည်။

The new BMW 7 Series နှင့်ပတ်သက်၍ ဈေးနှုန်း၊ အချက်အလက်အသေးစိတ်များကို Prestige Automobiles showroom တွင်သွားရောက်စုံစမ်းနိုင်သလို လက်ရှိပြသလျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင်လည်း သွားရောက် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။