BMW မြန်မာပြည်ကိုယ်စားလှယ် Prestige Automobile မှ BMW Group ၏ နှစ်(၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်၏ ပထမဆုံးနှင့် အခမ်းနားဆုံးသော BMW Expo 2016 အား မေလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ နံနက် ၉ခွဲ မှ ညနေ ၆နာရီထိ Myanmar Event Park တွင်ကျင်းပပြုလုပ်လျက်ရှိပါသည်။ ယခု BMW Expo ပွဲမှ ကမ္ဘာ့အဆင့်မှီ နည်းပညာနှင့် ဒီဇိုင်းများအား လူတိုင်း အနီးကပ်လေ့လာထိတွေ့ခံစားနိုင်စေပြီး မြန်မာပြည်၏ မော်တော်ကားသုံးစွဲမှု တိုးတက်နေခြင်းအား နိုင်ငံတကာသို့ သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
BMW Expo ပွဲအစီအစဉ်အသေးစိတ်မှာ –
– BMW X ကားတွေကို လက်တွေ့မောင်းနှင်စီးနှင်းနိုင်မယ့် BMW xDrive Experience
– အားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေမယ့် BMW စက်ဘီးစတန့်ပြကွက်ဆန်းတွေနဲ့ BMW Jump and Trial Show
– ကလေးငယ်တွေကို ပျော်ရွှင်မှုအပြည့်အဝပေးမယ့် BMW Kids Course
– ပျော်ရွှင်စွာယှဉ်ပြိုင်ဆော့ကစားနိုင်မယ့် BMW i8 Remote Control Track စတဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေနဲ့အတူ
The all-new BMW 7 Series,
The new BMW 4 Series Gran Coupe'
BMW M Cars
BMW i8 အပါအဝင် နောက်ဆုံးပေါ် BMW Brand New ကားအမျိုးအစားအစုံအလင်ကို အနီးကပ်ထိတွေ့ ကြည်ရှုပြီးအတွေ့အကြုံယူနိုင်မှာဖြစ်ပါတယ်..
BMW Expo အတွက် ကြိုတင်လက်မှတ်များကို ပြည်လမ်းနှင့်နာနတ်တောလမ်းထောင့်ရှိ BMW Showroom ၊ အောက်ပါ City Mart ဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ပါပြီ။
ပြပွဲ ပထမဆုံးနေ့မှ ပုံအချို့