BMW 2 Series Coupe' ထွက်ရှိပြီးနောက် ဒုတိယမြောက်အမျိုးအစားသစ်ဖြစ်သည့် 2 Series Active Tourer သည် အရွယ်အစားအားဖြင့် အလျား ၄,၃၄၂ မီလီမီတာ၊ အကျယ် ၁,၈ဝဝ မီလီမီတာ၊ အမြင့် ၁,၅၅၅ မီလီမီတာရှိပြီး အပြင်ပိုင်းတွင် ကျစ်လျစ်သည့်အသွင်သဏ္ဍန်နှင့် အတွင်းပိုင်းတွင် ကျယ်ဝန်းသည့် သွင်ပြင်ကို အပြည့်အဝတွေ့မြင်နိုင်ပါသည်။
"အတွင်ပိုင်းကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသည့်အပြင် ပစ္စည်းများများ တင်နိုင်စွမ်းရှိတဲ့ ကားအမျိုးအစားကို နှစ်သက်တဲ့သူနှင့် တက်ကြွတဲ့လူနေမှုပုံစံကို နှစ်သက်တဲ့မိသားစုတွေအတွက် BMW 2 Series Active Tourer မော်တော်ကားဟာ အံဝင်ခွင်ကျအဖြစ်ဆုံး အမျိုးအစားဖြစ်ပါတယ် ဟု Prestige Automobiles ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးချမ်းမြက ပြောကြားသည်။
BMW TwinPower Turbo နည်းပညာ – နောက်ဆုံးပေါ်မျိုးဆက်အင်ဂျင်များ
BMW 2 Series Active Tourer တွင် မျိုးဆက်သစ်တစ်ခုဖြစ်သည့် ပေါ့ပါးပြီး ဆီစားနှုန်းသက်သာသော အင်ဂျင်ကို အသုံးပြုထားပြီး BMW TwinPower Turbo နည်းပညာကို အသုံးပြုတပ်ဆင်ထားပါသည်။
BMW 218i Active Tourer တွင် တပ်ဆင်ထားသည့် အဆိုပါအင်ဂျင်သည် ပျမ်းမျှဆီစားနှုန်း ၁ဝဝ ကီလိုမီတာလျှင် ၅.၂ လီတာနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ ၁ ကီလိုမီတာလျှင် ၁၂၂ ဂရမ်ရှိပြီး မြင့်မားသည့်စွမ်းဆောင်မှုများရှိပါသည်။
အရှေ့ဘီးဆွဲအားဖြင့်မောင်းနှင်မှုစနစ်
BMW 2 Series Active Tourer သည် ပထမဆုံးအနေဖြင့် နောက်ဆုံးပေါ် ရှေ့ဘီးဆွဲမောင်းနှင်မှုစနစ်ကို အသုံးပြုထားပြီး အဆိုပါစနစ်သည် ညိမ့်ညောင်းမှုနှင့်အတူ Sport ကားကဲ့သို့စွမ်းဆောင်မှုကို ပေးစွမ်းနိုင်ပါသည်။
ကျယ်ဝန်းပေါ့ပါးသည့်ကိုယ်ထည်၊ ပိုမိုကောင်းမွန်သည့် Electromechanical Steering System၊ ကျယ်ပြန့်သော Aerodynamic Measures တို့ဖြင့် အဖက်ဖက်မှ ကောင်းမွန်စွာ ဖွဲ့စည်းမှုသည် Driving Dynamics ၏ အဓိက အချက်ဖြစ်ပြီး Newly Developed Chassis ဖြစ်သည့်အတွက် အရှေ့ပိုင်းတွင် ဆက်ကြောင်းတစ်ကြောင်းသာပါဝင်သည့် စပရိန် ဝင်ရိုး (a Single-Joint Spring Strut Axle) နှင့် ဘက်စုံဆက်ထားသည့် နောက်ဘက်ဝင်ရိုး (a Multi-link Rear Axle) တို့ဖြင့်ဖွဲ့စည်းထားသည်။
BMW 2 Series Active Tourer တွင် BMW EfficientDynamics နည်းပညာတစ်ခုဖြစ်သည့် lightweight engineering ၊ Auto Start/Stop စနစ်၊ ဘရိတ်နင်းသည့်အခါ အားပြန်သွင်းသည့်စနစ် (Brake Energy Regeneration)၊ လေကာစနစ် (air curtain) စသည်တို့ဖြင့် ဘေးကင်းလုံခြုံမှုအတွက် အရေးပါသည့်အချက်များ ပါဝင်သည်။
Sheer Driving Pleasure: Intelligent lightweight design, enhanced aerodynamics.
ကား Bonnet ကို အလေးချိန် ၈ ကီလိုဂရမ်သာ ရှိသည့် ပေါ့ပါးသည့်အလူမီနီယမ်ဖြင့်ပြုလုပ်ထားပြီး Steering လက်ကိုင်၊ Bumper များ၊ ဘရိတ်အကာကွယ်များ ၊ ဆုံလည်ဘီး ဘယ်ယာရင်များကိုလည်း အလေးချိန်ပေါ့ပါးအောင်ပြုလုပ်ထားသည့် အချက်များက BMW Driving Dynamics ကို ပံ့ပိုးပေးပြီး ဆီစားနှုန်းအထူးသက်သာစေသည်။
BMW 218i Active Tourer သည် cd = 0.26 ၏ Drag Coefficient နှင့်အတူ ပြီးပြည့်စုံသော Aerodynamic အရည်အသွေးများကိုဖော်ထုတ်ပေးသည်။ ယေဘုယျ အချိုးချကြည့်ပါက ကား၏ အရှေ့ပိုင်း၊ အနောက်ပိုင်း နှင့် ကျယ်ပြန့်ချောမွေ့သည့် ကားအောက်ပိုင်းအလွှာများကို Aerodynamic စွမ်းရည် အမြင့်ဆုံးစွမ်းဆောင်နိုင်စေရန်လုပ်ဆောင်ထားပါသည်။ တစ်ချိန်တည်းမှာပင် ရှေ့ဘီးအတွက် ကြမ်းတမ်းမှုလျော့ချပေးမည့် ကားအရှေ့ပိုင်းရှိ BMW Air Curtain နည်းပညာဖြင့် ဘီးအခုံးအရှေ့တွင် လေဝင်ပေါက်များကိုတပ်ဆင်ထားပါသည်။ ကားနောက်ဖက်ပိုင်းလေစီးကြောင်း အကောင်းဆုံးဖြစ်ပေါ်စေရန်အတွက် ကားအနောက်ဘက်အမိုးအစွန်းသည် D-pillar ကားနောက်မြှီးအစွန်း (Aeroblade)နှင့် ပေါင်းစပ်ထားသည်။ ကားနောက်ဘက်အမိုးအစွန်းရှိ မီးခွက်များ သည်လည်း လေပွတ်တိုက်မှုကိုလျော့ချပေးသည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သည်။ BMW kidney grille အနောက်ဖက်ရှိ Air Flip နှင့် အောက်ပိုင်းလေအေးများကို ရယူမှု ကို ထိန်းချုပ်ပေးဖြင့် BMW 2 Series Active Tourer ၏ cd တန်ဖိုး နှင့် ဆီစား သက်သာမှုကို ဖြစ်ပေါ်စေပါသည်။
Sport ကားပုံစံအသွင်အပြင်
BMW 2 Series Active Tourer မော်ဒယ်အသစ်တွင် အဆင်ပြေလိုက်လျောညီထွေရှိမှု၊ လက်တွေ့ အသုံးဝင်မှု၊ စွမ်းအားပြည့်လှုပ်ရှားသက်ဝင်သည့်ဒီဇိုင်း၊ ဘက်ပေါင်းစုံမှဖန်တီးထားသည့် Sport ကား၏ သွင်ပြင်လက္ခဏာ နှင့် စွဲမက်ဖွယ်ဒီဇိုင်းတို့ကို ကျစ်ကျစ်လျစ်လျစ် ပေါင်းစပ်ဖန်ထီးထားပါသည်။ ကား၏အတွင်းပိုင်းသည့် ပေါ့ပါးပြီး ကျယ်ကျယ်ဝန်းဝန်းရှိပါသည်။ ကား၏အပြင်ဘက်ပိုင်းကို အလွန်ကျစ် ကျစ်လျစ်လျစ်ပုံစံဖြင့် ဖန်တီးထားသော်လည်း အလျား ၄,၃၄၃ မီလီမီတာ၊ အကျယ် ၁,၈ဝဝ မီလီမီတာ၊ အမြင့် ၁,၅၅၅ မီလီမီတာနှင့်အတူ ကျယ်ဝန်းသည့်ကားအတွင်းပိုင်းသည် လူငါးဦး သက်သောင့်သက် သာစီးနင်းနိုင်ကာ ပေါ့ပါးပြီး ကြီးမားသည့် မှန်မျက်နှာပြင်များကြောင့် လေဝင်လေထွက် ကောင်းမွန်ပါ သည်။
အတွင်းပိုင်းသည် အံအားသင့်ဖွယ် ကျယ်ဝန်းပြီး ပေါ့ပါးသည်။ အတွင်းပိုင်းသည် အလျား ၄,၃၄၂ မီလီမီတာ၊ အနံ ၁,၈ဝဝ မီလီမီတာ နှင့် အမြင့် ၁,၅၅၅ မီလီမီတာ အကျယ်အဝန်းရှိပြီး လူငါးဦး သက်သောင့်သက်သာ ထိုင်နိုင်ရန်ကျယ်ဝန်းကာ ကျယ်ပြန့်သည့် မှန်မျက်နှာပြင်ကြောင့် ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းမွန်ပါသည်။
ရေပြင်ညီဖွဲ့စည်းထားသည့် တံခါးအားဖွဲ့စည်းထားသော အလွှာများ နှင့် instrument အလွှာများက ကားအတွင်းပိုင်းကို ခန့်ညားကြော့ရှင်းစေခြင်း၊ ပေါ့ပါးသည့် ခံစားမှုကိုပေးခြင်း နှင့် ကျယ်ဝန်းသည့်ခံစားမှုကိုအထူးပြုခြင်းစသည်တို့ကို ပေးစွမ်းပါသည်။ မောင်းသူထိုင်သည့်ထိုင်ခုံ အား BMW တိုင်းတွင်ပါဝင်သည့် Driver-Centric ဒီဇိုင်းက BMW 2 Series Active Tourer ၏ Sport သွင်ပြင်လက္ခဏာကိုပြည့်စုံစေပါသည်။
ခန့်ညားကြော့ရှင်းသည့်အသွင်သဏ္ဍန်အတွက် Luxury Line
Luxury Line သည် ခန့်ညားကြော့ရှင်းသည့်သွင်ပြင်လက္ခဏာရှိပြီး အထူးပြုလုပ်ထားသည့် အရှေ့ဖက် လေဝင်ပေါက်၊ အိတ်ဇော နှင့် ကားနောက်ပိုင်းကိုယ်ထည်များကို ပြောင်လက်နေသည့် သတ္တုဖြင့် တန်ဆာဆင်ထားပါသည်။ ကားအတွင်းပိုင်းရှိ အထူးပြုလုပ်ထားသော Luxury Line သားရေထိုင်ခုံသည် ခန့်ညားကြော့ရှင်းမှုကို အသားပေးနေပါသည်။
BMW 2 Series Active Tourer Luxury Line မော်ဒယ်အသစ်များကို 3 year warranty နှင့် 3 year maintenance ဖြင့် ရောင်းချမည်ဖြစ်ပြီး Prestige Automobiles – အမှတ် ၄၅၈၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ရှိ BMW အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာတွင် လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။
Prestige Automobiles သည် ပထမဆုံး BMW အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာကို ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင် ကားအစီးအရေနှစ်ရာကျော်ကို ဝန်ဆောင်မှုပေးနိုင် သည့်အပြင် Aftersales ဝန်ဆောင်မှုတွင်လည်း Body Repair နှင့် Paint ဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။
သတင်းအချက်အလက်များ စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်
Prestige Automobiles Co. Ltd.
Ms. San San Myint
95-9-5122569
TODAY Ogilvy Public Relations
Mr. Joshua DoiAung Mr. Shane Neubronner
95-9-421012974 95-9-421151418