_ Photo Credit_
ကမ္ဘာကျော် Smart Phone ကုမ္ပဏီ Black Berry နှင့် တရုတ် Internet Service ကုမ္ပဏီ Baidu တို့ပူးပေါင်း၍ အလိုလျှောက် မော်တော်ယာဉ် မောင်းနှင်ပေးမည့် နည်းပညာကို ထုတ်လုပ်သွားမည်ဟု ကုမ္ပဏီ နှစ်ခုလုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပူးပေါင်းချက်ထုတ်ပြန်ပြီးနောက်ပိုင်း Smart Phone ကုမ္ပဏီ Blackberry၏ ရှယ်ယာ တန်ဖိုးသည် လေးနှစ်တာ အချိန် ကာအတွင်း ၁၃ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့သည်။
_ Photo Credit_
ယင်းထုတ်ပြန်ချက် နှင့်အတူ BlackBerry ၏ QNX OS system ကို Baidu ရဲ့ မောင်းသူမဲ့ Apollo Platform မှာ အသုံးပြုသွားမယ်လို့ ထုတ်ပြန်ခဲ့သည်။
ဒါ့အပြင် Baidu ကုမ္ပဏီ ရဲ့ မောင်းသူမဲ့ Carlife platform မှာ Blackberry ၏ QNX system ကို ထည့်သွင်းအသုံးပြုသွားမယ်လို့ ပြောကြားခဲ့သည်။
_ Photo Credit_
BlackBerry မှ ထုတ်ပြန်ချက်အရ QNX operation system သည် cyber attack၊ maleware နှင့် system ချို့ယွင်းမှု တွေကို ထိရောက်စွာ ကာကွယ်နိင်မည်ဖြစ်သည်။
ကုမ္မဏီနှစ်ခု၏ ပူပေါင်း ဖန်းတီးမှုများရဲ့ အကျိုးအမြတ်တွေကို ၂ဝ၁၉ခုနှစ် တွင်စတင်ခံစားနိုင်မည်ဟုလည်း မျှော်မှန်းထားသည်။
_ Photo Credit_
ယခင်ခေတ်များတွင် Smart Phone လောကကို အုပ်စိုးနိုင်ခဲ့သည့် Blackberry သည် ယခုအခါ နည်းပညာလောက ကို လွှမ်းမိုးထားသည့် AI (Artificial Intelligence) နှင့်သက်ဆိုင်သည့် Software ထုတ်လုပ်မှုကို ကူးပြောင်းနေပြီဖြစ်ကာ အံ့မခမ်း တီထွင်ဖန်တီးမှုများကို ဆက်လက်စောင့်ကြည့်ရမည့် နည်းပညာကုမ္မဏီတစ်ခုလည်းဖြစ်လာပြီဖြစ်သည်။
www.dailymail.co.uk မှ ကောက်နှုတ်ဖော်ပြသည်။