အရောင်းစင်တာ ဆိုင်းဘုတ်တင်ပြီး လုပ်ငန်းလိုင်စင် မပြုလုပ်သူများကို အရေးယူမည်

0

Full article

.


.unicode
အရောင်းစင်တာ ဆိုင်းဘုတ်တင်ပြီး လုပ်ငန်းလိုင်စင် မရှိဘဲ ကားရောင်းနေသူများကို အရေးယူသွားမှာ ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံကနေ သိရသည်။

ထို့အပြင် မော်တော်ကားများအရောင်းအဝယ်ပြုလုပ်နေသော တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းလုပ်ကိုင်သူများကိုလည်း လုပ်ငန်းလိုင်စင် လုပ်ဆောင်ခိုင်းမည်မဟုတ်ကြောင်းသိရသည်။

"လုပ်ငန်းလိုင်စင်လုပ်ဖို့ ဘာမှ ဆွေးနွေးထားတာမရှိပါဘူး။ မော်တော်ယာဉ်ဥပဒက အခုမှ ရေးဆွဲနေတာပဲရှိသေးတယ်။ ဒါပေမယ့် အရောင်းစင်တာ ဆိုင်းဘုတ်တင်ပြီး လိုင်စင်မလုပ်တာတွေကိုတော့ အရေးယူသွားမှာပါ။"ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်တစ်ပိုင် ကားအရောင်းအဝယ်ပြုလုပ်ပါက လုပ်ငန်းလိုင်စင် လုပ်ဆောင်ပြီးမှသာ ကားဝယ်ရောင်း လုပ်ကိုင်ခွင့်ပေးမှာဖြစ်သည်ဆိုသော သတင်းများထွက်ပေါ်နေပြီး ထိုလုပ်ငန်းများ လုပ်ငန်းလိုင်စင် လုပ်ဆောင်ရန် တိကျစွာဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

"တစ်နိုင်တစ်ပိုင် ကားရောင်းတာ လုပ်လာတာကြာပြီ။ ဘယ်လိုမျိုးလုပ်ငန်းလိုင်စင်လုပ်ရမယ်ဆိုတာ သတ်မှတ်ထားတာလည်းမရှိဘူး။ လိုင်စင်လုပ်ချင်ရင် ဘယ်လို လုပ်ရမယ်ဆိုတာလည်း အားလုံးသိအောင် ပြောပြသင့်တယ်။ ကိုယ့်ရှိတဲ့ကားကို မစီးချင်တော့လို့ ရောင်းတာလည်း လုပ်ငန်းလိုင်စင် လုပ်ဖို့လိုလို့လား။ ကားရောင်းတာကို လိုင်စင်ရှိမှ ဆိုတာ တစ်စီးတစ်လေ ရောင်းတဲ့သူက လုပ်ငန်းလိုင်စင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လို အရေးယူမယ်ဆိုတဲ့ ဥပဒေတွေ ထုတ်ထားလို့လား။"ဟု နှစ်အတော်ကြာ ကားဝယ်ရောင်းလုပ်ကိုင်လာခဲ့သူ ဦးမြင့်အောင် ကပြောကြားသည်။

Author