ရန်ကုန် တိုင်း ဆိုင်ကယ်စီးနှင်းခွင့်မပြုသည့် နယ်မြေအတွင်း ဆိုင်ကယ်အစီး ၅ထောင် နီးပါး ဖမ်းစီးရရှိခဲ့

0

Full article

ရန်ကုန်တိုင်း ဆိုင်ကယ်စီးနင်းများဖမ်းဆီးရာတွင် ဆိုင်ကယ် အစီးရေ ၅ ထောင် နီးပါး ဖမ်းဆီးရရှိမှူရှိခဲ့ပြီး လိုင်စင်ရှိဆိုင်ကယ် အများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ကသိရပါသည်။

ရန်ကုန်မြို့တွင် ဆိုင်ကယ် မောင်းနှင်းခြင်းမပြုသည့် စည်ပင်သာယာနယ်နိမိတ်အတွင်းမြို့နယ် ၃၃ မြို့နယ် သတ်မှတ်ထားရာ ၂ မြို်နယ်မှာ သန်လျှင်မြို့နယ်နှင့်ဒလ မြို့နယ် မပါဝင်ဘဲ ၃၁ မြို့နယ်အတွင်းဆိုင်ကယ်စီးနင်းမှူများကို လိုင်စင်ရှိဖြစ်စေ လိုင်စင်မဲ့ဖြစ်စေ စီးနင်းခွင့်မပြုထားကြောင်း သိရပါသည်။

" ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းတာကို ဖမ်းဆီးတာတွေလုပ်နေပါတယ်။ ဆိုင်ကယ်အစီးရေ ၅ထောင် လောက် ဖမ်းဆီးထားတာရှိပါတယ်။ အများဆုံးဖမ်းဆီးရရှိခဲ့တဲ့ ဆိုင်ကယ်တွေက လိုင်စင်ရှိတဲ့ ဘီးတွေများတယ်။ မြို့အစွန်နေရာတွေမှာတော့ ဖမ်းဆီးရတာများပါတယ်။" လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက အရာရှိတစ်ဦးက ပြောပြပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ရာမှာ လိုင်စင်ရှိ ဆိုင်ကယ် ၄၅၅၄ စီး ၊ လိုင်စင်မဲ့ ၇ စီး စိစစ်နေဆဲရှိတဲ့ ဆိုင်ကယ် အစီး၂ဝဝ စုစုပေါ်း ၄၇၆၁ စီးရှိခဲ့တယ်လို့ သိရပါသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးရမိပါက သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အရေးယူမှာဖြစ်ရာ လိုင်စင်ရှိဆိုင်ကယ်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါသည်။

Law enforcement

Author