ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် မရှိသည့် မြို့နယ်၌ စီးနင်းပါက အနိမ့်ဆုံးဒဏ်ငွေကျပ် တစ်သိန်းမှ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချမှတ်မည်

0

Full article

ရန်ကုန်တိုင်းအတွင်းဆိုင်ကယ်စီးနင်းခွင့် မရှိသည့် မြို့နယ်အတွင်း စီးနင်းပါက စည်ပင်ဥပဒေအရ ဒဏ်ငွေကျပ်တစ်သိန်းနှင့် ပို့ကုန်သွင်းကုန်ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချမှတ်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို သန်လျှင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို ၊ ကိုးကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတစ်ပင်မြို့နယ် အစရှိသည့် ၁၄ မြို့နယ်တွင်သာ စီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် လုံးဝစီးနင်းခွင့်မပြုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမြို့နယ် ၁၄ မြို့နယ်မှာဘဲ ဆိုင်ကယ်စီးနင်းတာခွင့်ပြုထားတယ်။ စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ဆိုင်ကယ်စီးနင်းတာကို လုံးဝခွင့်မပြုထားပါဘူး။ လိုင်စင်ရှိသည်ဖြစ်စေ၊ လိုင်စင်မရှိသည်ဖြစ်စေ စည်ပင်သာယာဥပဒေနဲ့ရော သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ရော ထိရောက်စွာ ဖမ်းဆီးမှာပါ။ လိုင်စင်မဲ့ဆိုင်ကယ်ဆို တစ်ပါးတည်း နိုင်ငံပိုင်သိမ်းဆည်းမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းမှုများ ဖမ်းဆီးရမိမှုမှာ လိုင်စင်ရှိ ဆိုင်ကယ် ၄,၅၅၄ စီး ၊ လိုင်စင်မဲ့ ၇ စီး ၊ စိစစ်နေဆဲ ဆိုင်ကယ် အစီး၂ဝဝ စုစုပေါင်း ၄,၇၆၁ စီးဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းသွားလာမှုကို မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ ကျောက်တန်း၊ သန်လျင်၊ ကော့မှူး၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ကိုကိုးကျွန်း၊ တိုက်ကြီး စသည့် မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့်(၁၄)မြို့နယ်မှအပ ကျန်ခွင့်မပြုသည့် မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေကျပ် တစ်သိန်းချမှတ် အရေးယူသွားမည် ဖြစ်ပြီး ဆိုင်ကယ်က လိုင်စင်မဲ့ဖြစ်ပါက သွင်းကုန်ထုတ်ကုန် ဥပဒေအရ ဆိုင်ကယ်ကိုပါ သိမ်းဆည်း အရေးယူ သွားမည်ဖြစ်ကြောင်းသိရသည်။

Law Enforcement

Author